Movie Name
Female Chief Of The Shadowing King (2018)
Year
2018
Generes
Romance, Thriller
Code
CN0434
Type
Movie
Size
858 MB
Country
China
Description
Thriller Romance ကြိုက်တဲ့သူလေးတွေအတွက် The Female Chief of the Shadowing King ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 1920ခုနှစ်ကျော်ကာလမှာ အရိပ်ဘုရင်လို့ခေါ်တဲ့ တပ်မှူးရှီးဇယ်ကအမိန့်အရသစ္စာဖောက်တွေကိုဖမ်းဆီးခဲ့ပြီး သူဟာငွေ၅ယွမ်အကြောင်းပြုပြီး လုရှောင်ခွေဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့တယ်။ ရှီးဇယ်ကအရမ်းမောက်မာပြီးပုန်ကန်ချင်စိတ်ရှိတဲ့သူတစ်ယောက်ပဲ။ သူ့အဖေကသူ့ကိုယဉ်ကျေးအောင်သင်ပြပေးဖို့ စစ်ပညာသင်ကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ကိုသင်ပြပေးစေချင်ခဲ့တယ်။ ဒီလိုနဲ့သူကရှီးဇယ်ကိုသင်ပေးဖို့လုရှောင်ခွေကိုခေါ်လာခဲ့တယ်။ ဆိုးသွမ်းတဲ့ကိုလူဆိုးရှီးဇယ်ရဲ့ဒဏ်ကိုသိမ်မွေ့တဲ့လုရှောင်ခွေကအလူးအလဲခံရတာပေါ့။ စရိုက်မတူတဲ့သူတို့၂ယောက်ကဆန့်ကျင်ဘက်တွေလိုဖြစ်ပေမယ့် နှစ်ယောက်သားနီးစပ်လာကြတော့ အချစ်မီးပန်းတွေပွင့်လာတာပေါ့။ ဒါပေမယ့် လုရှောင်ခွေကချစ်မိတော့မယ်ဆိုတဲ့အချိန်မှာ ရှီးဇယ်က မင်းငါ့ကိုဒီကမ္ဘာမှာချစ်လို့မရဘူး ဆိုပြီးပြောပါတယ်။ သူတို့၂ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ချစ်ခွင့်မရှိတဲ့အကြောင်းပြချက်ကရောဘာတွေဖြစ်နေမလဲဆိုတာ အဆုံးထိကြည့်ရှုအားပေးလိုက်ပါဦးနော်…