-
Movie Name
-
Dig (2022)
-
Year
-
2022
-
Generes
-
Thriller
-
Code
-
EN1618
-
Type
-
Movie
-
Size
-
783 MB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမဲ့ကားလေးကတော့ မိန်းမတစ်ယောက်ရဲ့ လှပတဲ့မာယာတွေရယ် ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေရယ် သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့အကြောင်းရယ် မဆင်ခြင်ဘဲ ဒေါသကြီးရင် ရနိုင်တဲ့ရလဒ်တွေအကြောင်းရယ်ကို ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါပဲ
ဇာတ်လမ်းအကျဉ်း
ဂျိန်းဆိုတဲ့ကောင်မလေးက ဘရန်နာလင်မယားရဲ့ တစ်ဦးတည်းသောသမီးလေးပါပဲ ကားအစမှာကတည်းက သူက အိမ်ကနေ ညဘက်ကြီးခိုးထွက်သွားလို့ သူ့အဖေ နဲ့ အမေက လိုက်ရှာကြရတာပါ သူကတော့ သူဌေးသားလေးတစ်ယောက်ရဲ့ ပါတီမှာ သွားကဲနေတာပေါ့ ကံဆိုးချင်တော့ သူ့ဖုန်းက Location နဲ့ သူ့အဖေအမေတွေလိုက်ရှာရကနေသူ့ကို မိသွားလို့ပြန်ခေါ်လာတာပါ အဲဒီလိုပြန်လာရင်းနဲ့ လမ်းမှာ သူတို့ရဲ့ ကားအရှေ့ကို ကားတစ်စီးကဖြတ်ဝင်လာလို့ သူ့အဖေက ဒေါသပေါ်ဒေါသဆင့်ရင်း တော်တာ်ပေါက်ကွဲခဲ့တာပေါ့ မထင်မှတ်ဘဲ ဖြတ်ဝင်တဲ့ကားကို ဆီဆိုင်မှာဆီဖြည့်ရင်းတွေ့လိုက်တာကနေ စကားများကြရင်း ဟိုကားရဲ့လူက သေနတ်နဲ့ချိန်တာကို လုရာကနေ သူ့မိန်းမသေသွားခဲ့တာပါ အဲဒီအချိန်မှာပဲ သူ့သမီးကလည်း Trauma ရပြီး နားမကြားနိုင် စကားမပြောနိုင်ဖြစ်သွားခဲ့တာပေါ့ ဒီလိုနဲ့တစ်နှစ်ကြာတော့ ဘရန်နန့်ဆီမှာ အလုပ်လာအပ်တဲ့သူရောက်လာပါရော ဘရန်နန်က အိမ်တွင်းပစ္စည်းပရိဘောဂတွေကိုဖြုတ်ပေးတာတို့ တွင်းတူးပေးတာတို့လုပ်တဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ လာငှားတဲ့သူကသူ့သမီးလေး နားကုသလို့ရမဲ့စရိတ်လောက်ရှိတဲ့ပိုက်ဆံနဲ့ငှားတော့ သူလည်းမငြင်းနိုင်ဘဲ လက်ခံလိုက်ရပါတော့တယ် အဲဒီအချိန်မှာ သူသွားဖြုတ်ပေးရမဲ့အိမ်က ဘယ်လိုအိမ်ကြီးလဲ သူ့ဆီလာငှားတဲ့သူတွေကရောဘယ်သူတွေလဲ ဘာလို့ ပစ္စည်းတွေလာဖြုတ်ခိုင်းရတာလဲ သူ့သမီးလေးရော စကားပြန်ပြောနိုင်မှာလားဆိုတာ အပေါ်ကကျွန်တော်ရေးထားတာလေးနဲ့ကြည့်ပြီး ဇာတ်လမ်းလေးကိုခန့်မှန်းကြည့်လိုက်ကြပါဦး