-
Movie Name
-
No One Killed Jessica (2011)
-
Year
-
2011
-
Generes
-
Crime, Drama, Thriller
-
Code
-
00180
-
Type
-
Movie
-
Size
-
885 MB
-
Country
-
Bollywood
-
Description
-
: IMDB 7.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ တရားမျှတမုှနဲ့သြဇာအာဏာတို့လွန်ဆွဲမုှတို့ကို ထင်းလင်းအောင် ဖော်ပြထားပြီး အမှန်တရားရဲ့နိမိတ်ပုံကိုလည်း မီးမောင်းထိုးပြပေးနေတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။[ဇာတ်လမ်းအကျဉ်း]ဤ ဇာတ်ကားရဲ့အဖွင့်မှာတော့ Night Club တစ်ခုမှာ လူသတ်မှုဖြစ်ပွားပုံနဲ့ အစပျိုးထားခဲ့ပါတယ်။အသတ်ခံရသူမှာ တက်သစ်စ မော်ဒယ်လ် ဂျက်ဆီကာ ဖြစ်ပြီး သူမ အားသေနတ်ဖြင့် ပစ်သတ်ခဲ့သူကတော့ မနစ်ရှ်ဘာဝဂျ် ပဲဖြစ်ပါတယ်။ ဖြစ်ပွားပုံကတော့ မနစ်ရ်ှ အရက်တောင်းဝယ်ရင်း ဂျက်ဆီကာ နဲ့အချင်းများရာမှစခဲ့တာပါ။ဘားပိတ်ချိန်ဖြစ်၍ အရက်မရောင်းတော့ကြောင်း ဂျက်ဆီကာ ရှင်းပြသော်လည်း အရက်မူးလွန်သူ မနစ်ရှ် အတွက်တော့ နားမဝင်ခဲ့ဘဲ လူသတ်မှုကျူးလွန်ခဲ့တာပါ။အဲ့ဒီနောက် ဂျက်ဆီကာရဲ့အစ်မ ဆက်ဘရီနားက မနစ်ရှ်ကို စွဲချက်တင်ပြီးအမှန်တရားပေါ်ပေါက်စေရန် ကြိုးပမ်းခဲ့ပါတယ်။ သို့သော် မနစ်ရှ် ဟာ ဝန်ကြီးတစ်ဦးရဲ့သားဖြစ်တာကြောင့် ဆက်ဘရီနားအတွက် မလွယ်ကူခဲ့ပါဘူး။ဒီလူသတ်မှုမှာ မျက်မြင်သက်သေ ၃၀၀ ကျော်ရှိခဲ့သော်လည်း ဝန်ကြီးရဲ့သြဇာအာဏာကြောင့် အားလုံးဟာ အမှန်တရားကို ပုန်းလျှိုး လျစ်လျူရှုလိုက်ကြပါတယ်။ဒါဟာ ညီမလေးတစ်ယောက်အတွက် အမှန်တရားပေါ်ပေါက်စေလိုသူ ဆက်ဘရီနားအတွက် ကြေကွဲမှုတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။တရားရုံး ကြားနားချိန်တွေမှာလည်း ဆုံးဖြတ်မှုတွေအောက်မှာ လာဘ်စားမှုတွေအောက်မှာ အာဏာမရှိသူ ပြည်သူသာ ကျရှုံးခဲ့ရပါတယ်။ အဓိက မျက်မြင်သက်သေကလည်း ငွေနဲ့ အဝယ်ခံရပြီး အမှုကိုအဆုံးသတ်ထွက်ဆိုပေးခဲ့ပါတယ်။ဆက်ဘရီနားအတွက်တော့ ညီမလေးရဲ့အမှန်တရားမပေါ်ပေါက်ခဲ့သလို မိဘတွေစိတ်ဆင်းရဲ ဒုက္ခကိုကြည့်ရင်း စိတ်ဓာတ်ကျသူလုံးလုံးဖြစ်လာခဲ့ရှာသည်။ဒီအမှုစစ်ဆေးမှုဟာ ခြောက်နှစ်တာကြာမြင့်ခဲ့ပြီး ဂျက်ဆီကာအတွက်လည်း တရားမျှတမှုမရှိဘဲ ပိတ်သိမ်းခဲ့ရပါတယ်။ဒီလိုမျိုးအချိန်မှာတော့ NDTV သတင်းဌာနရဲ့သတင်းထောက်မလေး မီရာက တရားမျှတမှုကို ပြန်လည်ဖော်ထုတ်ခဲ့သောအခါ၌——–။ကဲ ဘာတွေဆက်ဖြစ်လာမှာလဲ။အစ်မတစ်ယောက်အဖို့ လက်လွှတ်ခဲ့ရသော အမှုအား မီရာက ဘယ်လိုကြိုးပမ်းဆောင်ရွက်မှာလဲ။အောင်မြင်မည်လား၊ကျရှုံးမည်လား။ဒီဇာတ်ကားလေးမှာတော့ လူသတ်သမားအား ဖော်ပြပေးခဲ့ပြီး သြဇာအာဏာရဲ့လွှမ်းခြုံမှုတွေက ပြည်သူ့ဥပဒေအပေါ် ရက်စက်သလားဆိုတဲ့ မေးခွန်းမျိုးမေးရတဲ့အထိ ကျန်ရစ်စေသည့် ဇာတ်ကားကောင်းလည်းဖြစ်ပါတယ်။ ထို့အပြင် ရိုးရိုးရှင်းရှင်းနဲ့ ပေးပို့စေချင်သည့် အသိပညာအားလည်း တိုက်ရိုက်ပေးစွမ်းနိုင်ခဲ့သည်။မီဒီယာသမား မီရာ ဆိုတဲ့ သတင်းထောက်မလေးအတွက် အမှန်တရားရဲ့ထိုးနှက်မှုတွေ၊ ကြိုးပမ်းမှုတွေ စွမ်းဆောင်မှုတွေ၊ ဆက်ဘရီနားရဲ့ ညီအစ်မမေတ္တာတွေ၊ နိုင်ငံရေးသြဇာအာဏာရှင်တွေနဲ့ ပြည်သူ့ဥပဒေ လွန်ဆွဲခဲ့မှုတွေ စတဲ့ အချက်တွေကလည်း လူ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်တတ်စေခဲ့သည်။ဒါ့ကြောင့် ဒီဇာတ်ကားလေးမှာတော့ အမှန်တရားအနိုင်ရခဲ့မည်လော၊ သို့မဟုတ် ဥပဒေအထက် ဝန်ကြီးတွေပဲရှိခဲ့မည်လော ဆိုတာတော့ ဒီဇာတ်ကားလေးကြည့်ရင်း ခန့်မှန်းညွှန်းဆိုကြည့်ရအောင်လား မိတ်ဆွေ။