Movie Name
Assembly (2007)
Year
2007
Generes
Action, Biography, War
Code
CN0436
Type
Movie
Size
1.66 GB
Country
Hollywood
Description
Assembly(2007) ============= ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၄၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းတိုက်ပွဲ [ဟွိုင်ဟိုင်စစ်ပွဲ]ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နဲ့ အမျိုးသားတော်လှန်ရေးတပ်မတော်(NRA)တို့ အပြန်အလှည်အကြိတ်အနယ်တိုက်ခိုက်ကြစဥ်အချိန်ကာလတစ်ခု…။ တစ်ချိန်ထဲမှာပဲ တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်မှာရှိတဲ့ တပ်သား ၄၆ ယောက်ဟာ ရှေ့တန်းကိုခုခံကာကွယ်တိုက်ခိုက်ဖို့အတွက် ဝမ့်မြစ်ကမ်းနံဘေးကို တာဝန်ပေးစေလွှတ်ခြင်းခံလာရပါတော့တယ်။ “တပ်သားတွေ တပ်ဆုတ်ဖို့အတွက် တပ်ပြန်လည်စုဝေးဖို့အချက်ပေး ခရာသံမမှုတ်သရွေ့ တိုက်ပွဲမှာ တစ်ဦးတစ်ယောက်ထဲကျန်ရစ်ခဲ့ရင်တောင်မှ ရှေ့ဆက်ပြီးတော့တိုက်ရမယ်” -လျိုဇယ်ရွှိန်- စစ်သားဆိုသည့်အတိုင်း တစ်သွေး တစ်သံ တစ်မိန့် နာခံကြရသည်မဟုတ်ပါလော? တပ်ဆုတ်ဆိုသည့် အမိန့်ရမှ တပ်ကိုဆုတ်ကြရသလို/တပ်မဆုတ်ပဲ အသေခံကာရှေ့တန်းကနေ ပိတ်ဆို့ကာကွယ်ဆိုတဲ့ အမိန့်ရလျှင်လည်း အသက်ကိုပင် ပဒါနမထားတိုက်ခိုက်ကြရပါတယ်။ ကဲ…ဒါဆိုရင် ❏တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်ကရဲဘော်တွေ အချက်ပေးခရာသံကိုကြားပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလား ❏တပ်ပြန်ဆုတ်ဖို့အတွက် အချက်ပေးခရာကရောမှုတ်ပါ့မလား? ဒါဆိုရင်ရော သူတို့တပ်ရင်းရန်သူတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ? ဘာတွေဘယ်လို ဖြစ်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရအောင်လားရှင် ဒီဇာတ်ကားလေးက ၂၀၀၇ ခုနှစ်ကထွက်ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Rating8.0 အထိရရှိခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ဒါ့အပြင် 2008 Hundred Flowers Awards နဲ့ 2009 Golden Rooster Awards ဆုပေးပွဲတွေမှာ အကောင်းဆုံးရုပ်ရှင်ဆုတွေကို ရရှိခဲ့တဲ့ကားဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်နော်။ ။