-
Movie Name
-
မြှားနတ်မောင်စေစားတဲ့အချစ် (Stupid Cupid) (2015)
-
Year
-
2015
-
Generes
-
Drama, Romance
-
Code
-
ST0627
-
Type
-
Series
-
Size
-
4 GB
-
Country
-
Thai
-
Description
-
Stupid Cupid (2015) Thai Drama
☃️ မြှားနတ်မောင်စေစားတဲ့အချစ် ☃️ 1 to 12 စ-ဆုံး
အမရာဖွန်မိသားစုဟာ ဘိုးဘေးစဥ်ဆက် ချစ်သာကြွယ်ဝတဲ့ သန်းကြွယ် သူဋ္ဌေးတွေ ဖြစ်ပါတယ်
ချမ်းသာတဲ့အသိုင်းအဝိုင်းကလည်း စိတ်ထားအမျိုးမျိုးရှိကြတာပုံမှန်ပါပဲ
ချာဝီဟာ အမရာဖွန် မျိုးဆက်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်လာခဲ့ပါတယ်
အလရာဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်ကတည်းက မိဘမဲ့နေသူလေးပါ
မိဘမဲ့သူလေးပီသစွာ ရိုးအေးပြီး သနားညှာတာတတ်တဲ့အပြင် အမရာဖွန်ရဲ့ အကြီးဖြစ်တဲ့ အဘွားကိုစောင့်ရှောက်ပေးနေရသူပါ
ကျွေးမွေးလာတဲ့ကျေးဇူးတရားကိုထောက်ထားပြီး စေတနာမရင်းခံကာ အဘွားကိုစောက်ရှောက်ပေးနေပေမယ့် မိသားစုဝင်တွေက အကောင်းမမြင်တဲ့အခါအလရာ ဟာအမြဲ အနိုင်ကျင့်ခံရပါတယ်
ချာဝီကလည်း အလရာကိုအမြဲအထင်လွဲမှားမှုတွေ ဖြစ်ကာတစ်ဦးနဲ့တစ်ဦးမုန်းတီးလို့နေပါတယ်
အဘွားဖြစ်သူကလည်း သွေးသားရင်းကိုမယုံ ကိုယ်မွေးထားတဲ့ ကောင်မလေး အလရာကိုပဲ ယုံကြည်နေခဲ့ပါတယ်
အဘွားရဲ့ ဆုံးဖြတ်ချက်အရ ချာဝီနဲ့ အလရာ လက်ထပ်ပွဲ စီစဥ်ပေးရပါတယ်
ငယ်ငယ်ကတည်းက အမြဲအနိုင်ယူဗိုလ်ကျတတ်သူ ချာဝီကြီးက အလရာကို ငယ်ငယ်ကတည်းက မနာလိုမုန်းတီးနေခဲ့ပါတယ်
ကြားထဲ နိုင်ငံခြားမှာရှိတဲ့ချာဝီ့ ရဲ့ရည်းစားဖြစ်သူကလည်း သူတို့နှစ်ယောက်ကိုဘယ်လိုဖြတ်ဦးမလဲ
မုန်းတီးနေကြသူ နှစ်ယောက်လက်ထပ်ကြတဲ့ အခါ ဘယ်လိုဆက်ဖြစ်မလဲ...
သူတို့ချစ်သွားကြမလား တကယ်တမ်းသန်းပေါင်းများစွာသောအမွေက ဘယ်သူပိုင်ဆိုင်လဲ...
ဒီလို နောက်ခံ ဇာတ်ကြောင်းတွေနဲ့ ရင်သပ်ရှုမောဖွယ် ကြည်နူးဖွယ် ရယ်မောဖွယ်ရာ ကြည့်ရှုရမှာပါ...
ရသပေါင်း စုံပေး စွမ်းမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ဖြစ်အောင် ကြည့်ဖို့တိုက်တွန်းပါရစေ...