-
Movie Name
-
Winter Begonia (2020)
-
Year
-
2020
-
Generes
-
Drama
-
Code
-
SC0573
-
Type
-
Series
-
Size
-
12.8 GB
-
Country
-
China
-
Description
-
Winter Begonia(2020) ဇာတ်လမ်းတွဲအညွှန်း
**************************************
အပိုင်း ( ၁ မှ ၄၉ ) စ / ဆုံး
ရှေးမကျ ခေတ်မကျ vintage အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ တရုတ်ပြည်ကြီးရဲ့ ခေတ်စမ်းကာလ
တစ်ခုဆီကို ကိုယ်တိုင်ရောက်သွားသလို ခံစားရစေမယ့် ဇာတ်လမ်းတွဲတခုနဲ့ မိတ်ဆက်ပေးပါရစေ။
အချိန်က (၁၉၃၀) ဝန်းကျင် လွတ်လပ်ရေးကြိုခေတ်…….
ရက်စက်တယ်…ထက်မြက်တယ်…ဉာဏ်များတယ်…ဆိုတာ သူ့အတွက် ဂုဏ်ပုဒ်တခုလိုဖြစ်နေတဲ့
ရုပ်ချော ရေလျှံ စီးပွားရေး နဂါးကြီး ချန်ဖုန်းထိုင်တစ်ယောက်
ဝမ်းတွင်းရူး အော်ပရာဇာတ်ဆရာလေး ရှန်စီးရိန်နဲ့ တွေ့သွားတဲ့အခါ မွေးဖွားလာတဲ့
စွဲလမ်းမှု တစ်ခု။ ဒါဟာ ပြဇာတ်ဆန်တဲ့ ဇာတ်လမ်းတခုရဲ့အစ…
မုန်းရင်အပြစ်၊ ချစ်ရင်အကျိုး၊ မြတ်နိုးတော့ သဒ္ဓါ ဆိုတဲ့အတိုင်း သူ့မှာ အိမ်ထောင်လည်း ရှိပါလျက်
သဒ္ဓါစိတ်တွေ မွန်ထူပြီး ဒီဇာတ်ဆရာလေးရှန်အတွက်ဆို ရွှေမျက်နှာတော် မညှိုးစေဖို့ လိုအပ်သမျှ
အရာရာ ဖြည့်ဆည်းပေးချင်နေတဲ့ဆန္ဒဟာ သူ့ရင်ထဲ အောင်းလို့လာရဲ့။
ဟိုဟာလေးကလည်း သခင်,သခင်နဲ့ နှုတ်ဖျားက မချ…. ဖြစ်နိုင်ရင် ခံတွင်းထဲတောင်
ငုံထားမလောက် ဖြစ်နေတော့ နှစ်ဦးသား သံယောဇဉ်က တိုးလို့သာ လာသပေါ့။
ဒါပေမယ့် တိုင်းပြည်ထဲ ဂျပန်တွေ ကျူးကျော်လာတဲ့အချိန်မှာတော့ ပြောင်းလဲလာတဲ့
ခေတ်ဆိုး စနစ်ဆိုးတွေကို နှစ်ယောက်သား တစ်ယောက်ကိုယ်တစ်ယောက်
ဖေးမကူညီရင်း ရင်ဆိုင် ကျော်ဖြတ်ကြပုံတွေကို ရသစုံစုံလင်လင်နဲ့ ရိုက်ကူးတင်ဆက်ထားတဲ့
“ဟေမာန်ဆောင်းရဲ့ရင်ဝှက်ပန်း” ( သို့မဟုတ်) “ Winter Begonia” …………
အားသာချက်–အတိတ်ခေတ်ကာလကို ပုံဖော်တဲ့နေရာမှာ မီးအလင်းအမှောင်၊ အဝတ်အစား၊
အသုံးအဆောင် စတာတွေရဲ့ အသုံးမှန်ကန်မှုကြောင့်လည်း ဇာတ်အိမ်က
ရုပ်လုံးကြွလာတာကို တွေ့ရပါမယ်။ နောက်ပြီး ရှန်စီးရှိန်ရဲ့ လူသာငယ် ပညာမငယ်တဲ့
သရုပ်ဆောင်မှုကိုလည်း ဇာတ်လမ်းအစက နည်းနည်းလည်း အိုဗာဖြစ်တယ်
ထင်ရကောင်းလည်း၊ နောက်တော့ ဇာတ်ကောင်နဲ့ သရုပ်ဆောင်ပုံက တသားတည်း ဖြစ်သွားတာကို
ခံစားမိပါလိမ့်မယ်။ နောက်ဆုံးပေမယ့် အပြောချင်ဆုံးအရာကတော့၊
ချန်ဖုန်းထိုင်ရဲ့ အရောင်ထွက်နေတဲ့ ဥပဓိရုပ်ရည်ပါ။
အကြည့်တွေမှာ ကျရှုံး, အပြုံးတိုင်းမှာ ကြွေဆင်းရလောက်ပါတယ်( မယုံမရှိပါနဲ့)…..
အားနည်းချက်– မူလဝတ္ထုဟာ အချစ်ကြမ်း တိုက်ပွဲကြမ်း အလွမ်းကြမ်းတဲ့
BLဇာတ်လမ်း ဖြစ်သော်လည်း၊ တရုတ်အစိုးရရဲ့ မူဝါဒကြောင့်
ထုံးစံအတိုင်း Bromance ပုံစံနဲ့ပဲ တင်ဆက်ထားရပါတယ်။
သို့သော်ငြားလည်း ဇာတ်လမ်းအသွားအလာအရ မထည့်လို့ကို မရတဲ့
dialogue နဲ့ plot တွေကြောင့်မို့ အမျိုးသား၂ယောက်ရဲ့ သဒ္ဓါနဲ့တဏှာကြား ပိုင်းခြားထားတဲ့
စည်းပါးပါးလေးဟာ ပေါ်လွင်နေပါတယ်။
နောက်ပြီး အချို့ပရိသတ်တွေကတော့ ဒီဇာတ်လမ်းက အကြည့်တွေနဲ့ သတ်တာလို့တော့ ပြောကြတာပါပဲ။