-
Movie Name
-
Designated Survivor 60 Days (2019)
-
Year
-
2019
-
Generes
-
Crime, Drama
-
Code
-
SKR0723
-
Type
-
Series
-
Size
-
6.18 GB
-
Country
-
Korea
-
Description
-
1-16 Completed
Designated Survivor:60 Days (2019)
“နိုင်ငံရေး”ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူညီနိုင်သလို
တူညီဖို့လည်း မလိုအပ်တဲ့ သဘောတရားတစ်ခုပါ
ဒါပေမဲ့ လူအမျိုးမျိုး အမြင်အမျိုးမျိုးရဲ့ သဘောထားစုံလင်ကွဲပြားမှုတွေကို လူတိုင်းက လက်သင့်ခံပြီး
အတူတကွယှဉ်တွဲနေထိုင်သွားနိုင်မှသာ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခု ဖြစ်လာပါလိမ့်မယ်
အဲဒီလိုဖြစ်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပြန်ပါဘူး
အမေရိကန်ဇာတ်လမ်းတွဲ Designated Survivor ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင်တော့
တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကစလို့ အာဏာခွဲဝေမှုတွေအထိ
ကိုရီးယားရဲ့နိုင်ငံရေးအကြောင်းကို စုံစုံလင်လင် ရှုစားကြရမှာဖြစ်ပါတယ်
စစ်အေးတိုက်ပွဲကာလမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးအတွက်
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ
အမျိုးသားလွှတ်တော်ခန်းမကို ဗုံးခွဲတိုက်ခိုက်ခံလိုက်ရပါတယ်
အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် သမ္မတကြီးအပါအဝင် ဝန်ကြီးများအားလုံး အသက်ဆုံးရှုံးခဲ့ရပြီး
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဘတ်မူဂျင်ကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်လာခဲ့ပါတယ်
တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ဥပဒေပုဒ်မ ၇၁ အရ ဝန်ကြီးဘတ်မူဂျင်ဟာ
ယာယီသမ္မတအဖြစ် ရက်ပေါင်း ၆၀ ကြာ တာဝန်ထမ်းဆောင်ရဖို့ အကြောင်းဖန်လာချိန်မှာတော့
နိုင်ငံရေးအတွေ့အကြုံ ၆ လပဲရှိသေးတဲ့ သူဟာ နိုင်ငံ့အရေးကို ဘယ်လိုကိုင်တွယ်သွားမလဲ
ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အမှန်တရားကိုရော သူ့အနေနဲ့ ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ
မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမယ့် နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်
သရုပ်ဆောင်တွေအနေနဲ့ကတော့ အထွေအထူးမိတ်ဆက်နေစရာမလိုတဲ့ မင်းသားကြီး Ji Jin-Hee အပါအဝင်
Son Seok-Koo, Heo Jun-Ho, Kang Hana တို့က အဓိကပါဝင်ထားကြတာမို့ ကြည့်မကောင်းမှာတော့ စိတ်မပူရပါဘူး