Movie Name
တမလွန်မှကတိသစ္စာ (Sunya Ruk Sunya Luang) (2020)
Year
2020
Generes
Drama, Historical
Code
ST0628
Type
Series
Size
8.61 GB
Country
Thai
Description
1-20 Completed "တမလွန်မှ ကတိသစ္စာ" 2020 တုန်းက Ch3 ကထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းဇာတ်ကွက်တွေက ထူးခြားလှပပြီးတော့ အတိတ်နဲ့ပစ္စုပ္ပန် ကာလနှစ်ခုကြားက ဇာတ်လမ်းလေးကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲ အန်နစ်ဆိုတဲ့ အမျိုးသားဟာ ဝီဝမ်ဆိုတဲ့ အမျိုးသမီးလေးကို အကြောင်းရင်း မရှိပဲ မုန်းတီးနေသူပါ။ တစ်ဖက်မှာလည်း အန်နစ်ဟာ ဆိုဒါယာ ဆိုတဲ့ မိန်းကလေးကိုလည်း ရူးမတတ် စွဲလန်းနေပါတယ်။ နောက်ပိုင်းကျ အန်နစ်တစ်ယောက် ဝီဝမ် အပေါ် မသိစိတ်ထဲကနေ စိုးရိပ်စိတ် သဝန်တိုစိတ်တွေ စဖြစ်ပေါ်လာပါတော့တယ်။ အတိတ်ဘဝရဲ့ အ ကြောင်းရာတွေဟာ လက်ရှိပစ္စုပ္ပန်မှာ အမှတ်မထင် ပေါ်ပေါက်လာချိန် အန်နစ်တစ်ယောက် အရင်ဘဝက ဝီဝမ်ကို သူချစ်ခဲ့သလိုမျိုး နွေထွေးမှုတွေ ရှိလာပါတယ်။ ဆိုဒါယာဆိုတာ အတိတ်ဘဝက အန်နစ် ရဲ့ မိဖုရားဖြစ်ခဲ့သူ ဖြစ်ပြီး ဝီဝမ်ကတော့ အန်နစ်ရဲ့ သုံပန်းမိဖုရား ဖြစ်ခဲ့သူပါ။ ဆိုဒါယာ တစ်ယောက် အန်နစ် ဝီဝမ် အပေါ် သူမထက် အချစ်ပိုနေသည်ကို မနာလို ဖြစ်ကာ သူမအပေါ် ပိုပြီး နှစ်သက်စွဲလမ်းစေဖို အောက်လမ်းတွေ သုံးခဲ့ပါတယ်။ အန်နစ် တစ်ယောက် အဖြစ်မှန်ကို သိသွားချိန် ဆိုဒါယာကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပေးခဲ့ပါတယ်။ ဆိုဒါယာ တစ်ယောက် အရင်ဘဝက နာကျည်းမှုတွေကြောင့် လက်ရှိပစ္စုပ္ပန်ဘဝ အထိပါ လက်စားချေဖို ကြိုးစားသောအခါ... အန်နစ် တစ်ယောက်ရော ဝီဝမ် နဲ့ ဆိုဒါယာ ကြား ဘယ်လို ရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့ရမလဲ ? အကောင်းနဲ့အဆိုးကြား ဒွိဟတွေဖြစ်နေတဲ့ အန်နစ် လှည့်စားကောက်ကျစ်သူ ဆိုဒါယာ နဲ့ဖြူစင်ရိုးသားသူ ဝီဝမ်တို သုံးဦးကြားက ချစ်ခြင်းကို "တမလွန်မှ ကတိသစ္စာ" ဆိုတဲ့ကားလေးထဲကြည့်ရှုလိုက်ကြရအောင်။