Movie Name
The Secret House (2021)
Year
2021
Generes
Drama, Romance, Thriller
Code
SKR0725
Type
Series
Size
28.6 GB
Country
Korea
Description
အပိုင်း1 – 124 (ဇာတ်သိမ်းပိုင်း) ဇာတ်လမ်းရှည်ကြိုက်တဲ့ပရိသတ်တွေအတွက် Second Husband အပြီး အပိုင်း ၁၂၀ ရှိတဲ့ ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ သဲလွန်စတွေနောက် လိုက်လံရှာဖွေရင်း သူ့ဘေးပတ်ဝန်းကျင်မှာတင်ရှိနေတဲ့ လျှို့ဝှက်ချက်ထဲ ပါဝင်ပတ်သက်မိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အဓိကပါဝင်ထားတဲ့ ကာရိုက်တာတွေကတော့… မိသားစုရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရတဲ့ ရှေ့နေဖြစ်သူ Woo Ji Hwan … Woo Ji Hwan ရဲ့ အချစ်ဦးဖြစ်တဲ့ ထက်မြက်ပြီး နွေးထွေးတဲ့နှလုံသားပိုင်ရှင် ခွဲစိတ်ဆရာဝန်မလေး Baek Joo Hong … ပိုက်ဆံ၊ အရည်အချင်း၊ မိသားစုနောက်ခံစတဲ့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ အမှုစစ် Nam Tae Hyung … အစ်ကိုဖြစ်သူ Nam Tae Hyung ကို လက်စားချေဖို့ တိတ်တဆိတ်ကြံစည်နေတဲ့ ဗီလိန်မ Nam Tae Hee … Nam Tae Hyung နဲ့ Nam Tae Hee တို့ရဲ့အမေဖြစ်ပြီး သားဖြစ်သူအတွက် ဘာမဆိုလုပ်နိုင်တဲ့ Ham Sook Jin … ဒီလို Thriller နဲ့ Romance ပေါင်းစပ်ပါဝင်ထားတဲ့စီးရီးရှည်ကြီးကို တနင်္လာကနေ သောကြာနေ့အထိ တစ်ပတ်ကို ငါးရက် ပြသသွားမှာဖြစ်လို့ တစ်ပတ်လုံးလုံး လောင်လိုက်၊ ရိုလိုက်နဲ့ တဝကြီးခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။