-
Movie Name
-
Oh My Ghost (2022)
-
Year
-
2022
-
Generes
-
Horror, Thriller
-
Code
-
KR0283
-
Type
-
Movie
-
Size
-
619 MB
-
Country
-
Korea
-
Description
-
Oh my ghost (2022)
သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီ
ရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့
သရဲတွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ်
ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ
ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ
ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ်
တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး
တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ်
အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင်
ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ
သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ
ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်
Mystery အမျိုးအစားဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ
ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦး
မင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့
ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်