-
Movie Name
-
ဝိမာလာချစ်နှောင်ကြိုး (Innocent Lies) (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
ST0631
-
Type
-
Series
-
Size
-
9.97 GB
-
Country
-
Thai
-
Description
-
1-17 Completed
Casts :
ခွန်ဂန်း အဖြစ် Mik Thongraya
ဝိမာလာ အဖြစ် Pupe Kessarin
အွန်ပီရာ အဖြစ် Praew Tussaneeya
ဒီဇာတ်လမ်းလေးအကြောင်းကို အစချီ
ရမယ်ဆိုရင်တော့ သူ့ရဲ့အရှေ့က အတွဲ (၁) ဖြစ်တဲ့
"ချစ်လက်စွပ်လေးသက်သေတည်" ကို
အရင်ဆုံး ကနဦး ပြန်ပြောရမယ်ထင်ပါတယ်။
2020 တုန်းက ဝက်ဝက်ကွဲအောင်မြင်
ခဲဲ့ပြီး မသိတဲ့သူမရှိသလောက်ရှားတဲ့
KemMookda ရဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့ပြီး ဆုတွေ အများကြီး သိမ်းပိုက်ထားခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။
ဒီ "ဝိမာလာချစ်နှောင်ကြိုး" ဇာတ်ကားလေးက ခွန်ပရင်ရဲ့ ဖအေတူ မအေကွဲဖြစ်သူ ဝိမာလာဆိုတဲ့ ကောင်မလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ခွန်ဂန်းတစ်ယောက် ဘဝရဲ့အချစ်ဦးဖြစ်သူ မီသာဆီကနေ သူလိုချင်တဲ့ အချစ်ကို မရခဲ့ပေမယ့်လည်း အွန်ပီရာဆိုတဲ့ အမျိုးသမီးအား သူ့ဘဝကို ဖြည့်စွက်ပေးမယ့် ဇနီးကောင်းအဖြစ် တင်မြောက်ခဲ့ပါတော့တယ်။
ဒါပေမယ့် နှစ်တွေ ကြာပြီး နောင်ဖင် ဆိုတဲ့ သမီးမိန်းကလေးတစ်ယောက် ဖြစ်ထွန်းလာခဲ့သည့်တိုင် ခွန်ဂန်း လိုအပ်တဲ့ အချစ်စစ်မေတ္တာကို အွန်ပီရာဆိုတဲ့ အမျိုးသမီးဆီကနေ မရရှိခဲ့ပါဘူး။
အိမ်ထောင်သက်တမ်းမှာလည်းအဖုအထစ်တွေ ရှိလာတာနဲ့အမျှ ခွန်ဂန်း နဲ့ အွန်ပီရာတို့ရဲ့တွဲလက်တွေဟာ ကွာရှင်းလုမတက် ဖြစ်လို့ နေခဲ့ပြီး ကိုယ့်လမ်းကိုယ့်ပန်းတိုင်နဲ့ ရှိနေခဲ့တော့တယ်။
ခွန်ဂန်း နဲ့ အွန်ပီရာ ကွာမရှင်းဖြစ်တဲ့ ဖြစ်ရပ်နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခု စိုက်နစ်လျက်ရှိလို့နေတယ်။
ဒီလိုနဲ့ အွန်ပီရာက ကွာရှင်းခြင်းနောက်ကွယ်က ဝှက်ဖဲကို သိနေတဲ့ ခွန်ဂန်းအား တမင် ရန်ငြှိုးထားပြီး အကြံအစည်တစ်ခုကို အကွက်ကျကျ စီစဉ်ခဲ့ပါတော့တယ်။
နှောင်ကြိုးလို ရှုပ်ထွေးတဲ့ ခွန်ဂန်း နဲ့ အွန်ပီရာအကြားက ကစားပွဲမှာ မြေစာပင်ဖြစ်ခဲ့ရသူမှာ ဝိမာလာပဲ ဖြစ်ခဲ့တော့...
ဘာတွေဆက်ဖြစ်ကြမလဲ ?
ဝိမာလာတစ်ယောက် သူမ ရောက်ရှိခဲ့တဲ့ အချစ်အရှုပ်တော်ပုံနှောင်ကြိုးထဲကနေ လွတ်မြောက်ရုန်းထွက်နိုင်ပါ့မလားဆိုတာ
"ဝိမာလာချစ်နှောင်ကြိုး" လို့ အမည်ရတဲ့ ဒီဇာတ်လမ်းလေးကို အပတ်စဉ် တနင်္လာနှင့်အင်္ဂါနေ့တိုင်း TSF မှာကြည့်ရှုနိုင်ပါပြီ။