Movie Name
Glitch (2022)
Year
2022
Generes
Comedy, Sci-Fi, Thriller
Code
SKR0727
Type
Series
Size
3.16 GB
Country
Korea
Description
Glitch S01 (2022)[အစ-အဆုံး] အပိုင်းသစ် – (၁ မှ ၁၀) Vincenzo ထဲက ဟုံးချာယောင်း(Jeon Yeo Been) နဲ့ Kill It ထဲက ဒိုယောင်းဂျင်း(Nana) တို့ရဲ့ Glitch ဆိုတဲ့ အလန်းစား Thriller, Comedy, Sci-Fi ဒရမ်မာလေးလာပါပြီ။ Season 1 အနေနဲ့ 10 ပိုင်းထွက်ရှိမယ်လို့ ကနဦး သိထားရပြီး နောက်ထပ် 6 ပိုင်းကိုတော့ Season 2 အနေနဲ့ ထုတ်လွှင့်ပြသသွားဖို့ရှိပြီး Season 2 ပြသမဲ့ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ ဇာတ်လမ်းအညွှန်း … ဟုံးဂျီဟိုဆိုသူ အမျိုးသမီးရဲ့ ချစ်သူကောင်လေးအီရှီဂုဟာ ညတစ်ညမှာ အမည်မသိမီးရောင်တွေနဲ့အတူ ခြေရာလက်ရာမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဟောဘိုရာကတော့ မအောင်မြင်သေးတဲ့ streamer တစ်ယောက်ဖြစ်ပြီး YouTube နဲ့ Twitch တို့မှာ subscriber ရာဂဏန်းခန့်သာ ရှိတဲ့ အမျိုးသမီးငယ်လေးပါ။ သူတင်တဲ့ အကြောင်းအရာတွေက လူတွေ မယုံကြည်ကြတဲ့ ထူးဆန်းထွေလာဖြစ်ရပ်ဆန်းတွေချည်းပါပဲ။ ဒီအပြင် UFO စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကီးဘုတ်ဖိုက်တာ အဖြစ်လည်း တာဝန်ယူထားပါသေးတယ်။ ရုတ်တရက်ကြီး ပျောက်ဆုံးသွားတဲ့ ချစ်သူကောင်လေးကို ရှာနိုင်ဖို့ ဟုံးဂျီဟိုတစ်ယောက် ပြေးလွှားစုံစမ်းရင်း UFO စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးနဲ့ တွေ့ဆုံမိပြီး အီရှီဂုရှာဖွေရေးမစ်ရှင်အတွက် ပူးပေါင်းလိုက်ကြပါတယ်။ ကိုယ်တိုင်မြင်တွေ့သူနဲ့ မမြင်တွေ့ရင်တောင် ယုံကြည်သူနှစ်ဦး လက်တွဲဖြစ်ကြပြီး ပဟေဠိဆန်ဆန် အမှန်တရားတွေကို ဘယ်လို ဖော်ထုတ်ကြမလဲ? ဟုံးဂျီဟို တစ်ယောက် ပျောက်သွားတဲ့ ချစ်သူကို ပြန်ရှာတွေ့နိုင်မလား? ဟောဘိုရာကကော သူ တဖွဖွ သတိပေး ပြောကြားနေတဲ့ ထူးဆန်းထွေလာ ဖြစ်ရပ်ဆန်းတွေကို သက်သေပြနိုင်မလား? ဆိုတာကိုတော့ Glitch ဆိုတဲ့ ဒီ ဇာတ်မြူးလေးမှာ ဆက်လက် ကြည့်ရှုလိုက်စို့နော်။