Movie Name
Moss (2010)
Year
2010
Generes
Crime, Drama
Code
EN1670
Type
Movie
Size
1.17 GB
Country
Hollywood
Description
နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ် ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ် ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင်