Movie Name
Only Murders In The Building (2021-2022) (S1,S2)
Year
2022
Generes
Comedy, Crime, Drama
Code
SE0140
Type
Series
Size
6.20 GB
Country
Korea
Description
S(1-10),S (1- 10) IMDb Rating – 9.5/10 ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ ဇာတ်လမ်းအညွှန်း − Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ် လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူက မသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့ သက်သေတွေအရ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ကောက်ချက်ချသွားပေမဲ့ . ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွေကို စွဲလမ်းနေတဲ့ ဇာတ်လိုက် ၃ ယောက်ကတော့ ဒီလို မထင်ဘူးဗျ။ ဒါနဲ့ပဲ သုံးယောက်သား အမှုမှန်ဖော်ဖို့ ရှားလော့ဟုမ်း လုပ်ကြတော့မှာ ဖြစ်ပါတယ်။ Steve Martin ကိုယ်တိုင်ပါ၀င်ပြီး John Hoffman နဲ့အတူ ဇာတ်လမ်း ဖန်တီးထားပြီး စိတ်၀င်စားဖွယ် ဟာသလေးတွေ နှောရင်း ရိုက်ကူးတင်ဆက်ထားတဲ့အပြင် 2 Martins နဲ့ Miss Gomez တို့ trio အတွဲညီပုံတွေကို မြင်တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team ပဲဖြစ်ပါတယ်။