Movie Name
My Dear Bodyguard (2022)
Year
2022
Generes
Action, Drama
Code
CN0449
Type
Movie
Size
1.73 GB
Country
China
Description
တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် …… Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။ Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်…..လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ် အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ….. ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ…… ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။