Movie Name
Mr Bad (2022) (ချစ်သူလူဆိုး (or) ချစ်သူ ဗီလိန်လေး)
Year
2022
Generes
Comedy, Romance
Code
SC0577
Type
Series
Size
4.71 GB
Country
China
Description
1-24 Completed Mr.Bad (2022) ဒီတခါ Chinese ပရိသတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကို တင်ဆက်ပေးဖိုရွေးချယ်ထားပါတယ်။ သာမန်ကြည့်ဖူးနေကျအချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဒီတခါမှာတော့ စာရေးဆရာမလေးနဲ့ သူဖန်တီးထားတဲ့ဇာတ်ကောင်ကြားက အချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရမှာပါ။ အဓိကသရုပ်ဆောင်တွေကတော့ စာရေးဆရာမလေး နန်ရှင်းအဖြစ် Shen Yue ဝတ္ထုထဲကဗီလိန်ဇာတ်ကောင် ရှောင်းဝူတိအဖြစ် Chen Zhe Yuan စာရေးရတာကိုသဘောကျတဲ့ ငယ်ရွယ်တဲ့ကောင်မလေး နန်ရှင်း။ တစ်နေ့မှာမထင်မှတ်ထားဘဲ သူရေးနေတဲ့ဝတ္ထုထဲကဇာတ်ကောင်ကို ဆင့်ခေါ်မိသွားတဲ့အခါမှာတော့… အဲ့ဒီဇာတ်ကောင်က ညဏ်များပြီးအတ္တကြီးတဲ့ ဝတ္ထုထဲကအကြီးစားဗီလိန် ဖြစ်နေတဲ့အခါ… ဝတ္ထုထဲကခုန်ထွက်လာတဲ့ ဇာတ်ကောင်နဲ့ စာရေးတရာမလေးတိုဟာ စတွေ့ကတည်းက ကြောင်နဲ့ကြွက်လိုပဲ မတည့်ကြပါဘူး။ အပြင်လောကကိုရှောင်းဝူတိရောက်လာတာဟာ ဖန်တီးသူနန်ရှင်းရဲ့ဆုတောင်းကြောင့်ဆိုတာသိလိုက်ရတဲ့အခါ.. မူလကမ္ဘာကိုပြန်သွားခွင့်ရဖိုအတွက် နန်ရှင်းကိုကူညီရဖိုဖြစ်လာပါတော့တယ်။ ဒီလိုနဲ့အတူတူနေထိုင်ကြရင်း တစ်ယောက်ရဲ့ချစ်စရာအချက်လေးတွေကို တစ်ယောက်ကမြင်လာတဲ့အခါ… ရှောင်းဝူတိတစ်ယောက်သူ့မူရင်းကမ္ဘာကိုပြန်သွားမှာလား… စာရေးဆရာမလေးနဲ့ပဲ ပြင်ပကမ္ဘာမှာအတူတူနေမလား.. ထူးခြားတဲ့အချစ်ပုံပြင်လေးကဘယ်လိုအဆုံးသတ်လေမလဲ။ ပေါ့ပေါ့ပါးပါးနဲ့အချိုစားရမယ့်ဇာတ်လမ်းလေးဖြစ်တာမို လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။