Movie Name
My Girlfriend Is An Alien Season 2 (စကြာဝဠာခြားလည်းချစ်နေမယ်) (2022)
Year
2022
Generes
Comedy, Romance
Code
SC0578
Type
Series
Size
9.33 GB
Country
China
Description
1-30 Completed ချိုင်ရှောင်ချီးနဲ့ ဖန်းလန်တိုရဲ့ မပြီးဆုံးသေးသောအချစ်ဇာတ်လမ်း ” ❏ အေးစက်မာကျောပြီး ချောမောတဲ့ မျက်နှာအသွင်အပြင်ရှိသူ ကျော်ကြားတဲ့စီးပွားရေးပညာရှင်တစ်ယောက်လဲဖြစ်တဲ့ – ဖန်းလန် ❏ အာကာသကိုဖြတ်သန်းပြီး ကမ္ဘာမြေထဲကိုရောက်ရှိလာတဲ့ တစ်ခြားဂြိုလ်မှ မိန်းကလေးတစ်ယောက်ဖြစ်သလို စိတ်မြန်လက်မြန်ရှိပြီး သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားသူလေး – ချိုင်ရှောင်ချီး သူတိုနှစ်ယောက်မှာ နောက်ထပ်ထူးခြားတဲ့ အမူအကျင့်လေးတွေရှိပါသေးတယ် ဘာလဲဆိုတော့- ဖန်းလန်ဟာ ထူးဆန်းတဲ့ အတိတ်မေ့ရောဂါကို ခံစားနေရသူပါ ဘယ်လိုမျိုးလဲဆိုတော့ မိုးရွာတဲ့နေ့ရက်တွေဆိုရင် သူ့ဘေးနားမှာပေါ်လာသမျှ မိန်းကလေးတွေကို မေ့သွားတတ်ပါ အဲ့တာကဘာဖြစ်လိုလဲဆိုတော့ သူကလေးဘဝတုန်းက မုန်တိုင်းတွေကြားထဲမှာ အမေဖြစ်သူဆုံးပါးသွားတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလို စိတ်ဒဏ်ရာရသွားတဲ့အတွက်ကြောင့်ပါ တစ်ဆက်ထဲမှာပဲ ချိုင်ရှောင်ချီးဟာ ကမ္ဘာမြေပေါ်မှာရှိတဲ့ အမျိုးသားတစ်ဦးတစ်ယောက်ဆီကနေ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းတွေကိုရှူရိုက်မိလိုက်ရင် အဲဒီအမျိုးအသားအပေါ် ရူးရူးမူးမူးချစ်မြတ်နိုးသွားတတ်တဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်ထားသူပါ အဲဒီကနေအစပြုလို CEO ဖန်းလန် နဲ့ ချိုင်ရှောင်ချီး တိုရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနှောလို Season – 1 မှာ တစ်ဝကြီးကြည့်ပြီးကြပြီ…ဟုတ်? Season – 1 မှာ အခက်အခဲပေါင်းစုံအတူတူကျော်ဖြတ်ကြရင်း အချစ်ပန်းလေးတစ်ပွင့်ပေါက်ဖွားလာခဲ့ပေမဲ့ ကံအကြောင်းကြောင့် သူတိုရဲ့ ချစ်ခရီးလမ်းလေးက မဖြောင့်ဖြူးခဲ့ပါဘူး သူတိုရဲ့ ချစ်ခြင်းကိုခွဲခြားမယ့် အနှောင့်အယှက်တွေက ပေါ်ပေါက်လိုလာခဲ့ပါတယ် ချိုင်ရှောင်ချီးရဲ့ ဖန်းလန်နဲ့ပတ်သတ်သမျှ မှတ်ဉာဏ်အယူအဆတွေအားလုံးကို ဖျောက်ဖျက်ပစ်ဖိုအတွက် ချိုင်ရှောင်ချီးရဲ့ မိခင်အမိန့်တော်ကြောင့် သူတိုနေထိုင်ရာ ဂြိုလ်မှ ကျန်းရှစ်ရီး ဆိုသူဟာ မင်္ဂလာပွဲကျင်းပနေစဥ်အတွင်းမှာပဲ ချိုင်ရှောင်ချီးကို ဖန်းလန်ဆီကနေ အတင်းအဓ္ဓမ ခေါ်ထုတ်သွားပါတော့တယ် အဲ့တော့…..? ချိုင်ရှောင်ချီး နဲ့ ဖန်းလန်ကရော အတားအဆီးတွေကို ကျော်ဖြတ်ပြီး အတိတ်က ချိုမြိန်တဲ့ ချစ်ခြင်းတရားကို ပြန်လည်ရှာဖွေနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ သဘာဝလွန် ဇာတ်လမ်းတွဲလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ကြည့်ရှုသူတွေအတွက်လဲ ဆန်းသစ်ပြီး အံ့အားသင့်စရာကောင်းမဲ့အရာတွေ ယူဆောင်လာပေးမဲ့ ဇာတ်ကားတစ်ကားဖြစ်မယ်လိုလဲ ယုံကြည်ပါတယ်