-
Movie Name
-
Prem Ratan Dhan Payo (2015)
-
Year
-
2015
-
Generes
-
Action, Drama
-
Code
-
00196
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
Bollywood
-
Description
-
ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး ဆလက်မန်ခမ်း ပါဝင်ထားပြီး အနုအလှ ပသာဒ စုံလင်စွာနဲ့ စိတ်ကူးလှလှလေး တင်ဆက်ထားတဲ့ကားကောင်းလေး တစ်ခုပါ။ ဇာတ်ကားရဲ့ ဒိုင်ယာလော့တွေကလည်း တော်ကီ ဆော်ကြည်စေမည် မှာ အမှန်ဖြစ်ပြီး ပုရိသ အဖို့ ကြူနည်းပြ ဇာတ်လမ်းလည်း ဖြစ်လာဦးမှာပါဇာတ်လမ်းအကျဉ်းပရီတန်ပူ တိုင်းပြည်မှာ မင်းသားလေး ဗီဂျေးဆင်းဟာ မကြာခင် နန်းတက်ပွဲကျင်းပတော့ မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပင် အခြားတိုင်းပြည်မှ မင်းသမီးလေး မယ်သီလီ နှင့် ရွှေလက်ဆက် စေ့စပ်ပွဲလည်း ကျင်းပမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုအဖုံဖုံနှင့် ပြည့်စုံသလောက်ရှိနေသော်လည်း မင်းသားဗီဂျေးဆင်းရဲ့ မိသားစုကိစ္စတွေက လကြတ်ဇုန်အတွင်း ရောက်ရှိနေသလို ဖြစ်နေခဲ့ပါတယ်။အတိတ်ရဲ့ကိစ္စရပ်အဖုံဖုံကြောင့် ဖအေတူမအေကွဲ ဖြစ်သူ စင်ဒရီကာ နဲ့ ရာဟီကာ ညီအစ်မဟာ ဗီဂျေးဆင်းကို အမြင်မကြည်လင်ဖြစ်ခဲ့ရတယ်။ ဗီဂျေးဆင်းအဖို့ အစ်ကိုနဲ့ ညီမ သံယောဇဉ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရာမှာလည်း မအောင်မြင်ခဲ့ပေ။တစ်ဖက်၌လည်း မအေကွဲ ညီအစ်ကိုတော်စပ်သူ အေဂျေးဆင်းဟာ နန်းတက်လိုစိတ်ပြင်းပြပြီး အစ်ကိုဖြစ်သူ ဗီဂျေးဆင်းကို လုပ်ကြံခဲ့ပါတယ်။ ဗီဂျေးဆင်းအဖို့ သေကံမရောက်သေးသော်လည်း သတိပြန်လည် မရသေးချိန်ထိ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေမှာတော့ နန်းတွင်းလုံခြုံရေးမှူးဟာ ပရမ်ဆိုတဲ့ ကောင်လေးကို တွေ့ရှိခဲ့ပါတယ်။ ပရမ်ဆိုသူဟာ မင်းသားဗီဂျေးဆင်းနဲ့ ရုပ်ရည်ဆင်တူနေပြီး နောက်ဆုံးမှာတော့ နန်းတက်ပွဲနဲ့ စေ့စပ်ပွဲအပြီးထိ မင်းသားနေရာ ဟန်ဆောင်စေဖို့ အထိန်းတော်ကြီးကပင် အကူအညီတောင်းယူခဲ့ပါတယ်။ဒီလိုနဲ့ နန်းတက်ပွဲ လည်း တဖြည်းဖြည်းနီးကပ်လာခဲ့သလို မင်းသမီးလေး မယ်သီလီကလည်း ပရီတန်ပူတိုင်းပြည်ကို လာရောက်ခဲ့ပါတော့တယ်။ ပရမ်ဟာ မင်းသမီးလေးကို ချစ်ခင်မိပြီး မင်းသမီးအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မင်းသမီးလေးကတော့ ပရမ်အဖြစ် မသိသေးသော်လည်း သူမ အတွက်တော့ အချစ်ရဆုံးသူ ဖြစ်သွားခဲ့ရပါတယ်။ဒီဇာတ်ကားလေးရဲ့ အဓိကကတော့ ပရမ် ဇာတ်ကောင်လေးပါ။ ကျရာနေရာမှာ ထမ်းဆောင် ပြဿနာတွေကို ဖြေရှင်း / နန်းတွင်းမောင်နှမကြား သံယောဇဉ်အလျှော့အတင်းတွေကို ကြိုးညှိ ပြီး ပရိသတ်တွေကို ဇာတ်လမ်းရဲ့ အနှစ်သာရကို နှလုံးသားထဲ ထည့်သွင်းသွားစေဦးမှာပါ။ညီအစ်ကို မောင်နှမသွေးသားချင်းကြား ဖောက်ပြန်တတ်တဲ့ သဘောကို ဖြေရှင်းမှုများ နှင့် အချစ်ရဲ့သဘောကို လေးလေးနက်နက် ဖော်ကျူးသွားပုံမျိုးကလည်း နောက်တစ်ခေါက် ပြန်ကြည့်သွားရလောက်အောင် စွဲညှိသွားစေဦးမှာပါ။ စကားလုံးတွေအားလုံးနီးပါး၌လည်း အသက်ပါသလို စီးဆင်းလျက်ရှိပြီး ကဗျာသိပ်ဆန်နေတတ်တာမျိုး တွေ့ရမှာပါ။ဒါကတော့ ကျွန်တော့်အမြင်လေးပေမဲ့ ပရိသတ်ကိုယ်တိုင်လည်း ကြည့်ရှုဝေဖန်ကြပါဦးလို့ တိုက်တွန်းမိပါတော့တယ်။