Movie Name
Love & Bellief (အချစ်နဲ့ယုံကြည်မှု) (2022)
Year
2022
Generes
Drama, Romance
Code
ST0640
Type
Series
Size
2.11 GB
Country
Thai
Description
1-5 Completed Love & Belief ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတတ်တဲ့ Club Friday ရဲ့ ဒီတခေါက် ဇာတ်လမ်းလေးကတော့ "ကိုယ်နဲ့ချစ်မိသူတိုင်း သေရတယ်" လို့စိတ်ထဲယုံကြည်နေတဲ့ကောင်မလေး 'မွတ်' ရယ် "အချစ်ကို ယုံကြည်ပါတယ်" ဆိုတဲ့ကောင်လေး 'တဝမ်' တို့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ "မွတ်" ဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး မွတ်နဲ့အချစ်ရေးအရ တွဲလိုက်တဲ့သူတိုင်း တိုက်တိုက်ဆိုင်ဆိုင် သေကုန်ကြတာကြောင့် ကြောက်ရွံမှုနဲ့ နှလုံးသားတံခါးကိုပိတ်ထားတဲ့သူတစ်ယောက်ပါ "တ၀မ်" ကတော့ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းကိုကျော်ပြီး အမြဲလွန်လွန်ကျူးကျူး လေ့ကျင့်ကစားတတ်တဲ့ တိုက်ကွမ်ဒိုကစားသမားလေးဖြစ်ပြီး... တစ်ရက်...တ၀မ်က ပြိုင်ပွဲအတွက်အသည်းသန်လေ့ကျင့်ရင်းက ဒဏ်ရာရသွားပြီး မွတ် အလုပ်လုပ်တဲ့ ဆေးရုံကိုရောက်လာခဲ့ပါတယ် တဝမ်ဟာ ဆေးရုံမှာ မွတ် နဲ့အနေနီးလို့ခင်မင်တွယ်တာမိရင်း မွတ်ကို ချစ်မိသွားပေမဲ့ "ငါချစ်မိသူတိုင်း သေရတယ်" ဆိုတဲ့ကံကြမ္မာကိုယုံကြည်ထားတဲ့ မွတ် ကတွန်းထုတ်နေတော့... ဒီကံကြမ္မာနဲ့အချစ်မှာ ဘယ်အရာက အနိုင်ရသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်