Movie Name
Lighting Up The Stars (2022)
Year
2022
Generes
Drama, Family
Code
CN0458
Type
Movie
Size
1.03 GB
Country
China
Description
သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ – မော့စန်းမိန့် ❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး – ဝူရှောင်ဝမ် “မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ် ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး ❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ…..? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်