Movie Name
Hu Tong (ပန်းတွေသီတဲ့ တေးအင်္လကာ) (2022)
Year
2022
Generes
Drama, Historical, Romance
Code
SC0584
Type
Series
Size
9.79 GB
Country
China
Description
1-36 Completed အမျိုးသမီးများဟူသည် အရင်နှစ်ရာစုများစွာကတည်းက ယောကျာ်းများနဲ့ ရင်ဘောင်တန်းကာ အလုပ် လုပ်ကိုင်လာကြသူများပင်ဖြစ်ပါတယ်။ ။ “၅၀ ရာစုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလအချိန် ထျန်ဇောင်ဟာ အောက်ခြေလူတန်းစားအလုပ်ပေါင်းစုံကို ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးမှာ ကော်မတီခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ကာ နှစ် ၇၀ တိုင်တိုင် ပြည်သူတွေအကျိုးအတွက် တက်တက်ကြွကြွလုပ်ကိုင်တာဝန်ထမ်းခဲ့ပါတယ် သူမဟာ သူလျှိဖမ်းဆီးရေး ၊ စာမတတ်မှုပပျောက်ရေး ၊ တပ်မတော်ကို လှူဒါန်းရေးတိုအတွက် ပြည်သူတွေကို ဦးဆောင်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ် ၈၀ ရာစုနှစ် ပြုပြင်ပြောင်းလဲရေးကာလမှာ သမီးဖြစ်သူကို သူ့ကိုယ်ပိုင်အလုပ်မှာ အောင်မြင်စေဖိုအတွက် ထျန်ဇောင်ဟာ တွန်းအားပေးခဲ့ပါတယ် ထျန်ဇောင်ဟာ အနားယူပြီးသည့်တိုင်အောင် ရာထူးကနေ ထွက်မသွားခဲ့ပါဘူး သူမ အသက် ၉၀ ရောက်တဲ့အချိန်မှာတော့ ၂၁ ရာစုနှစ်အချိန် မြိုဟောင်းကို ပြန်လည်မွန်းမံထူထောင်လိုတဲ့ သူမရဲ့ မြေးဖြစ်သူဟာ ရပ်ကွက်ကော်မတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ဒီဇာတ်လမ်းလေးဟာဆိုရင် လွတ်မြောက်ရေးအစောပိုင်းကာလမှအစပြုလို ယနေ့ ၂၁ ရာစုခေတ် အထိ ခေတ်အလိုက် ရာစုနှစ်အလိုက် ကိုယ့်ပတ်ဝန်းကျင်အပေါ် သစ္စာစောင့်သိကာ ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသမီးများအကြောင်းကို စုံစုံလင်လင် ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်” ပါဝင်သရုပ်ဆောင်ထားကြသူများအနေနဲ့ကတော့- ❏ ၅၀ ရာစု / ၁၉၄၈ ခုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလမှစတင်ပြီးတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်ဖွဲစည်းရေး ကာလအထိ အောက်ခြေလုပ်ငန်းမျိုးစုံကို တတ်ကြွစွာလုပ်ကိုင်ခဲ့သူ စိတ်အားထက်သန်ပြီးတော့ လူတိုင်းအပေါ်ကို ကူညီစိတ်အပြည့်ရှိသူ – ထျန်ဇောင် အဖြစ် ကျောက်လုစီ ❏ ကိုယ်ခံပညာကို ကောင်းကောင်းတတ်မြောက်ထားသူဖြစ်ပြီး ထျန်ဇောင်လုပ်သမျှ ကိုင်သမျှကိုထောက်ပံ့အားပေးသူ ထျန်ဇောင်ရဲ့ငယ်သူငယ်ချင်းဖြစ်သူလဲ ဖြစ်တဲ့- ထျယ်တန့် အဖြစ် ဟိုမင်ဟောက် ❏ ၈၀ ရာစုနှစ် နိုင်ငံတော်စီးပွားရေးကို စျေးကွက်စီးပွားရေးစနစ်သို ကူးပြောင်းချိန်ကာလ သူမဟာ တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအတွက် ပြဿနာများအားဖြေရှင်းရန် စိတ်အားထက်သန်စွာ လုပ်ဆောင်ပေးသူ – ရှောင်းမင် အဖြစ် ချိုက်ဝမ်ကျင့် ❏ အလုပ်လုပ်ရန်စိတ်မဝင်စား ပျော်ပါးဖိုပဲ သိတဲ့ လူမိုက်စရိုက်နဲ့ အစပြုခဲ့ပြီး ရှောင်းမင်ကြောင့် ညစျေးစီမံခန့်ခွဲမှုမှာ ရှေ့ဆောင်ခေါင်းဆောင်အဖြစ် ပြောင်းလဲခဲ့သူ – လင်ဝေ့တုန်း အဖြစ် လျိုဟွမ်း ❏ အချိန်တွေပြောင်းလဲလာသည်နှင့်အမျှ နည်းပညာတွေ တိုးတတ်ပြောင်းလဲလာသော ၁၂ ရာစုကာလ လူမှုဘဝတွေ ဖြေးဖြေးနဲ့ မှန်မှန် တိုးတတ်နေချိန် မြိုဟောင်းကို ပြန်လည်မွန်းမံထူထောင်ပြီး ခေတ်သစ်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ဖို ကြိုးစားနေသူလေး – လင်ယွဲ အဖြစ် ကွမ်းရှောင်ထုံ ❏ အလားတူပဲ မြိုဟောင်းကို ပြန်လည်မွန်းမံထူထောင်ဖို စိတ်အားထက်သန်နေသူ လင်ယွဲရဲ့ လုပ်ဖော်ကိုင်ဖက်လဲဖြစ်တဲ့ – အိုးရမ်ဟွေ အဖြစ် လင်ရီး တိုကနေပြီး ပါဝင်သရုပ်ဆောင်ထားကြပါတယ် အားလုံးသိပြီးသား ရင်းနီးပြီးသား နာမည်ကြီး သရုပ်ဆောင်တွေချည်းပဲဖြစ်လို လုံးဝကို မိမိုက်နေမှာ အသေချာပါပဲရှင် အဲ့တော့ ဒီဇာတ်လမ်းမှာ- ❏ မိန်းမတွေ ယောကျာ်းတွေနဲ့တန်းတူ ရင်ဘောင်တန်းကာ ဦးဆောင်နိုင်မှု ❏ ကိုယ့်မွေးရပ် ကိုယ့်ဇာတိကို သစ္စာရှိမှု ❏ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို တိုးတတ်အောင်လုပ်ဆောင်ခဲ့မှုတွေကို ချက်ကျ ကွက်ကျ မြင်တွေ့ရမှာဖြစ်သလို ❏ ပေကျင်းမှာရှိတဲ့ ဟူထုံ(လမ်းကြား/ရပ်ကွက်) ယဥ်ကျေးမှုတွေကို အံဝင်ခွင်ကျရိုက်ပြထားပြီး လူငယ်တွေရဲ့ အာရုံကိုလဲ ဖမ်းစားထားပါသေးတယ် ❏ ၅၀ ရာစု ၊ ၈၀ ရာစု ယနေ့ခေတ် ၂၁ ရာစု အစရှိတဲ့ ရာစုနှစ်ပေါင်းများစွာရဲ့ ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလဲ မြင်တွေ့ရမှာဖြစ်လို ဒီလို လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးကို အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်