Movie Name
Yonder (2022)
Year
2022
Generes
Drama, Sci-Fi
Code
SKR0731
Type
Series
Size
2.02 GB
Country
Korea
Description
1-6 Completed ” ချစ်ရတဲ့သူကိုတွေ့နိုင်မယ့်နောက်ဆုံးသောနေရာ ” “ငါက ဒီနေရာကိုထွက်သွားရပြီ .. ဒီနေရာကိုလိုက်လာပေးမလား ” ဒီပိုစတာပေါ်က စာသားလေး‌တွေနဲ့အတူသဘာဝလွန် လွမ်းဆွတ်တမ်းတဖွယ်ဇာတ်လမ်းလေးကိုကြည့်ရဖို့ဖြစ်လာခဲ့ပါပြီ။ “Yonder” ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာတော့ Beyond Evil ကမင်းသားကြီး Shin Ha Kyun ၊ Our Blues က ရေငုပ်သမားမလေး Han Ji Min တို့နဲ့အတူ Lee Jung Eun ၊ Jung Jin Young တို့က အဓိကပါဝင်ထားပြီး Melodrama, Sci-Fi အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Jae Hyun(Shin Ha Kyun) ကတော့ သိပ္ပံဆိုင်ရာမဂ္ဂဇင်းရဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါနဲ့ဆုံးပါးသွားတဲ့ ဇနီးသည်ကိုလွမ်းဆွတ်တမ်းတရင်း အဓိပ္ပာယ်မဲ့စွာဘဝကိုရှင်သန်နေသူဖြစ်ပါတယ်။ Yi Hu(Han Ji Min) ကတော့ Jae Hyun ရဲ့ ဆုံးပါးသွားတဲ့ဇနီးသည်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ ၂၀၄၀ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတစ်ခုမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ Jae Hyun ဟာ တစ်နေ့မှာ သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်နဲ့‌တွေ့နိုင်မယ့် “Yonder” လို့ခေါ်တဲ့‌ကမ္ဘာတစ်ခုဆီကို သူ့ကိုလာဖို့ဖိတ်ခေါ်ထားတဲ့အမည်မသိမေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ သိပ္ပံပညာတွေ ၊ နည်းပညာတိုးတက်မှုတွေနဲ့ဖန်တီးထားတဲ့ကမ္ဘာဖြစ်တဲ့အတွက် သေခြင်းတရားဆိုတာမရှိဘဲ တစ်သက်တာဘဝ ၊ သေဆုံးခြင်း ၊ မှတ်ဉာဏ်တွေ ၊ မေ့ပျောက်မှုတွေ ၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကိုမေးခွန်းထုတ်‌နေရမယ့်ကမ္ဘာမျိုးပဲဖြစ်ပါတယ်။ Jae Hyun တစ်ယောက် သူ့ရဲ့မူလခန္ဓာကိုယ်ကိုစွန့်လွှတ်ပြီး ဇနီးသည်တွေ့ဖို့ လိုက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ၊ ချစ်ရတဲ့ဇနီးသည်နဲ့အတူ ဆုံစည်းခွင့်ရပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ လက်လွှတ်မခံကြပါနဲ့နော်