Movie Name
The Croods Family Tree (2022)
Year
2022
Generes
Animation, Comedy
Code
SAN0076
Type
Series
Size
2.08 GB
Country
Hollywood
Description
The Croods ; Family Tree (2022) Hulu က​နေ 2021 ခုနှစ် စက်တင်ဘာမှာထွက်ရှိထားတဲ့ The Croods : Family Tree ရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ကြာမြင့်မှာဖြစ်ပြီး ၇ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊ အိမ်နီးချင်း​​တွေ တကျက်ကျက် ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်း လူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်…. Croods Franchise ရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊ အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊ Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေ အဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊ Croodsမိသားစုရဲ့ အလွဲ​တွေကို မိသားစုနဲ့တူတူ၊ ချစ်ရတဲ့ သူ​တွေနဲ့ တူတူကြည့်ရင်း ဘဝအ​မော​တွေကို ​ခေတ္တခဏ ​ဖြေ​ဖျောက်လိုက်ရ​အောင်ပါ