Movie Name
Feast Of The Gods (2012)
Year
2012
Generes
Comedy, Drama, Romance
Code
SKR0732
Type
Series
Size
15.2 GB
Country
Korea
Description
Feast of the Gods (2012)[အစ-အဆုံး] အပိုင်း – ၃၂ (ဇာတ်သိမ်းပိုင်း) Feast of The Gods ဆိုတဲ့ အချက်အပြုတ်နဲ့ ပက်သက်တာတွေကို အဓိကထားရိုက်ကူးထားတဲ့ အပြိုင်အဆိုင်ဟင်းချက်ကြမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကိုရီယား ရိုးရာအစားအသောက်နဲ့ပက်သက်ပြီးတော့ စားချင်စဖွယ်လေးတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း … တော်ဝင်ရိုးရာဟင်းတွေချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု သူ့ရဲ့အမည်က အာရီရန် အာရီရန်မှာ စားတော်ဝန်နဲ့ သူ့လက်အောက်မှာ စားတော်ကဲများစွာရှိတယ်။ နှစ်တိုင်း သင်တန်းသားအသစ်လက်ခံပြီးတော့ သင်ကြားပေးတယ်။ ထူးချွန်တဲ့လူတွေကို နောက်ဆုံးပြိုင်ပွဲတွေလုပ်ပြီးတော့ အာရီရန်ရဲ့ စားတော်ဝန်နေတာကို ပေးအပ်တယ်။ ဆောင်းဒိုဟီးနဲ့ ဘဲ့ဆူလ်တိုဟာ အာရီရန်သင်တန်းသူနှစ်ယောက်ဖြစ်ပြီး စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေပါ။ ဒါပေမယ့် ပြိုင်ပွဲနေ့မှာ ပြဿနာအမျိုးမျိုးကြောင့် နောက်ဆုံးအဆင့်အထိမပြိုင်ဆိုင်လိုက်ရဘဲ ဆောင်းဒိုဟီးက အာရီရန်ရဲ့ စားတော်ဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ရက်မှာတော့ ဒိုဟီးရဲ့သမီးလေး ပျောက်ဆုံးသွားပြီး ဒိုဟီးက စိတ်တွေလွတ်သွားတယ်။ စိတ်လွတ်သွား အခြားကလေးကို သူ့သမီးလိုသတ်မှတ်နေတဲ့ ဇနီးဖြစ်သူအတွက် သူ့ယောက်ျားက သူတိုနဲ့ဘဝတူ အမေပျောက်တဲ့ကလေးလေးကို သူ့သမီးအင်ဂျူးအဖြစ် အိမ်ကိုခေါ်ထားခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ အင်ဂျူးအစစ်ကတော့ ဂိုဂျွန်ယောင်းအဖြစ်နဲ့ ဂျယ်ဂျူကျွန်းမှာ ရှင်သန်နေခဲ့တယ်။ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါမှာလည်း အာရီရန်ရဲ့ သင်တန်းသူလေးတွေအဖြစ်ပြန်လည်တွေ့ဆုံပြီးတော့ စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြရဦးမှာပါ။ သူတိုနှစ်ယောက်ရဲ့ပြိုင်ပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲ? ဘယ်လိုအလှည့်အပြောင်းတွေ ထပ်ပြီးကြုံတွေ့ရဦးမလဲ? အင်ဂျူးအစစ်ဖြစ်တဲ့ဂျွန်ယောင်းနဲ့ သူ့မိဘတွေကြား ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။