Movie Name
Haechi
Year
2019
Generes
Action, Drama, Historical
Code
SKR0320
Type
Series
Size
10.8 GB
Country
Korea
Description
ဇာတ်လမ်းတွဲကတော့ Joseon ခေတ်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့အပြင် ဇာတ်လမ်းပုံစံကို ဒဏ္ဍာရီဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။ မတူညီတဲ့လူလေးယောက်ကိုမတူညီတဲ့ စရိုက်ဇာတ်ကောင်တွေအနေနဲ့တွေ့မြင်ရမှာလဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ 🎈Lee Geum အဖြစ် Jung Ll Woo , 🎈Yeo JI အဖြစ်နဲ့ GoAra 🎈Park Moon Soo အဖြစ်နဲ့ Kwon Yoo နဲ့ 🎈 Dal Moon အဖြစ် Park Hoon တို့ကိုအတူတွေ့မြင်ကြမှာပဲဖြစ်ပါတယ်။ ကာရိုက်တာမိတ်ဆက်အနေနဲ့ကတော့ 🙎🏻‍♂️Lee Geum ကတော့ အဆင့်နိမ့်နေတဲ့နေရာမှာမွေးဖွားခဲ့တဲ့သူမို့ အိမ်ရှေ့စံမင်းသားနေရာနဲ့လွဲခဲ့ရပါတယ်။ သူ့ကိုယ်သူတောင် အိမ်ရှေ့စံတစ်ယောက်မှန်းမသိဖြစ်နေရတဲ့သူတစ်ယောက်ပါ…. 🙍🏼‍♀️ Saheonbu မှာတော့ Yeo Ji ကဆရာတစ်ဆူပါပဲ။ သူမ ဟာအမှုပေါင်းများစွာကိုအောင်မြင်အောင်ဖော်ထုတ်နိုင်တဲ့အပြင် ကိုယ်ခံပညာကိုလဲတတ်ကျွမ်းပါတယ်။ နိုင်ငံခြားဘာသာစကားကိုလည်း ကျွမ်းကျင်အောင်ပြောတတ်တဲ့အပြင် မတရားမှုတွေကိုလည်း ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်… 🙎🏽‍♂️Park Moon Soo ကတော့ အရာရှိစာမေးပွဲကိုအောင်မြင်ဖို့ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးပါ။ သူကဉာဏ်ရေနိမ့်ပါးတဲ့အတွက် စာမေးပွဲအောင်မြင်ဖို့ခက်ခဲနေပေမဲ့ တခြားသူတွေအပေါ်မှာတော့ ကြင်နာတရားပြည့်ဝတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်… … 👉🏻ဒီဇာတ်လမ်းတွဲကတော့ Jung Ll Woo ရဲ့ စစ်မှုထမ်းအပြီးမှာတော့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်.. Go Ara ကိုတော့ Hwarang ဇာတ်လမ်းတွဲမှာထဲရင်းနှီးခဲ့ပြီးဖြစ်တဲ့အတွက် ဒီကာရိုက်ကတော့သူမနဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို SBS မှ တနင်္လာနေ့နဲ့ အင်္ဂါနေ့ညတိုင်း အပတ်စဉ် ကိုးရီးယားစံတော်ချိန် ဆယ်နာရီအချိန်မှာပြသသွားမှာပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းတွဲကတော့ သမိုင်းနောက်ခံဇာတ်လမ်းတွဲဖြစ်တဲ့အပြင် ဒဏ္ဍာရီဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အပြစ်ရှိတဲ့လူတွေက အပြစ်မရှိတဲ့သူတွေအပေါ် ဘယ်လိုအပြစ်ပုံချမလဲ အမှုမှန်ကိုရော ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမဲ့ဇာတ်ကားတစ်ကားဆိုလဲမမှားပါဘူးနော် ကိုးရီးယားနန်းတွေရဲ့ထုံစံအတိုင်း နန်းတွင်ထဲကဝန်ကြီးအမတ်တွေနဲ့ မိဖုရားတွေရဲ့အရှုပ်တော်ပုံ ဘုရင်ရဲ့အရှုပ်တော်ပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ကြပါစို့နော်…