-
Movie Name
-
Dog Soldiers (2002)
-
Year
-
2002
-
Generes
-
Action, Horror
-
Code
-
EN1718
-
Type
-
Movie
-
Size
-
904 MB
-
Country
-
Hollywood
-
Description
-
Dog Soldiers (2022)
================
IMDb Rating – 6.8/10
ကားဟောင်းတစ်ကားဆိုပေမယ့်တော်တော်ကိုမဆိုးလှတဲ့ထဲမှာပါပါတယ်။
ဇာတ်ကားတစ်ကားလုံးနီးပါးကအိမ်တစ်အိမ်ထဲမှာ စစ်သားတစ်ဖွဲ့နဲ့မိန်းကလေး
တစ်ယောက်ရဲ့ တစ်ညတာအဖြစ်အပျက်တွေကိုပဲပြသွားတာပါ ။ တစ်မျိုးတော့
မထင်ပါနဲ့။ အိမ်ရဲ့ပတ်ပတ်လည်မှာမကောင်းတဲ့အရာတွေဝိုင်းနေတဲ့ကြားကနေ
အားလုံးတူတူလွတ်အောင်ကြံစည်ကြပုံတွေကိုပြောတာပါ။
အဲဒီမကောင်းတဲ့အရာတွေကဘာတွေလဲဆိုတာပြောလိုက်ရင်ကြည့်ရတာ ပေါ့သွား
နိုင်တာကြောင့်မပြောတော့ပါဘူး။ မဖြစ်မနေချီးကျူးရမှာကသရုပ်ဆောင်တစ်ယောက်
ချင်းစီကိုပါပဲ။ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သားငါးယောက်၊ အားလုံးတစ်ယောက်ချင်းရဲ့
ကာရိုက်တာတည်ဆောက်ပုံတွေ သရုပ်ဆောင်ချက်တွေဟာ လိုလေသေးမရှိအောင်
ပြည့်စုံသလို၊ ဇာတ်လမ်းကအကောင်းကြီးမဟုတ်တောင် သူတို့ကြောင့်ဆက်ကြည့်ချင်စိတ်
ဖြစ်လာမယ်ဆိုတာအာမခံနိုင်ပါတယ်။
ခေတ်အခြေအနေအရအထူးပြုလုပ်ချက်တွေမှာ လိုအပ်ချက်ရှိပေမယ့်
ဖြည့်တွေးတတ်ရင်တော့ဒါကလည်းပြောရလောက်တဲ့အပြစ်မျိုးမဟုတ်ပါဘူး။
ကဲဒီလူတစ်စုအဲဒီညမှာဘာတွေနဲ့ဘယ်လိုရင်ဆိုင်ခဲ့ရတာလဲဆိုတာသိချင်ရင်တော့
ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။