Movie Name
Shin Ultraman (2022)
Year
2022
Generes
Action, Adventure, Sci-Fi
Code
JP0110
Type
Movie
Size
690 MB
Country
Japan
Description
Shin Ultraman(2022) ================ IMDb Rating (6.6) / Rotten Tomatoes (100%) Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်… ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်… အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး…နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး….လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်… အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်….ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ရန်သူလား မိတ်ဆွေလားဆိုတာကို အဖြေရှာစုံစမ်းကြတဲ့အပြင် ကိုင်ဂျူးတွေကရော ဘာကြောင့်ကမ္ဘာပေါ်ကို ရုတ်တရက်ရောက်ရှိလာတာလဲ… လူသားမျိုးနွယ်…အာထရာမန်းနဲ့ …ကိုင်ဂျူးသတ္တဝါကြီးတွေရဲ့ အားပြိုင်မှုကို အကောင်းဆုံးတင်ဆက်ထားတဲ့ ဂျပန်လက်ရာရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။