Movie Name
Critical X Desperate Mr X (2022)
Year
2022
Generes
Comedy
Code
SKR0734
Type
Series
Size
2.04 GB
Country
Korea
Description
လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ… ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ် မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲ ဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲ မန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ “ချစ်လှေကားထစ်များ” လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါ မင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော်