Movie Name
Save Me Season 2 (2019)
Year
2019
Generes
Drama, Thriller
Code
SKR0735
Type
Series
Size
7.22 GB
Country
Korea
Description
1-16 Completed Save Me S1 တင်ဆက်ပေးအပြီးမှာတော့ CM ဖန်တွေအတွက် ဆက်လက်ပြီး Save Me S2ကို ဘာသာပြန်တင်ဆက်ပေးလိုက် ရပါတယ်။ S2 ဆိုပေမယ့် ဘာသာရေးအယူသီးမှုအကြောင်း အခြေခံထားတာကလွဲရင် ဇာတ်လမ်းရော၊ ဇာတ်ကောင်တွေရော မတူညီကြတာမို့ S2 ကနေပဲ စကြည့်လို့လည်းရပါတယ်။ ဇာတ်လမ်းအကျဥ်း ဂင်မင်ချောဟာ အထက်တန်းကျောင်းတုန်းက အလားအလာရှိတဲ့ ဂျူဒိုအားကစားသမားဖြစ်ခဲ့ပေမယ့် တရားမျှတတဲ့စိတ် ပြင်းထန်တာကြောင့် ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ တစ်နေ့ သူ့ဇာတိမြို့လေးဖြစ်တဲ့ ဝေါ်လ်ချူးရီဟာ ဆည်သစ်တည်ဆောက်ဖို့အတွက် ရေနစ်မြှုပ်မယ့်ဒေသအဖြစ် ရွေးချယ်ခံရပြီး လျော်ကြေးရမယ့်အကြောင်းကြားခဲ့ပါတယ်။ သူ့ဇာတိမြို့ငယ်ဆီပြန်ရောက်တော့ သူစိမ်းတွေရောက်နေတာတွေ့ပြီး တစ်ခုခုထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။ ဂင်ယုံဆွန်းကတော့ ဂင်မင်ချောရဲ့ညီမဖြစ်ပြီး သူနာပြုအတတ်ပညာကို လေ့လာနေသူပါ။ ပြဿနာအိုးအစ်ကိုဖြစ်သူကြောင့် မြို့လေးကနေ အမြန်ဆုံးထွက်သွားဖို့စီစဥ်နေသူလေးပေါ့။ အဲလိုယုံဆွန်းဆီကို သင်းအုပ်ဆရာတစ်ယောက်က ချဥ်းကပ်လာခဲ့ပါတယ်။ ချွဲဂယောင်ဆော့ကတော့ ဝေါ်လ်ချူးရီကို အကြံအစည်ဖုံးကွယ်ပြီး အပြုံးမျက်နှာနဲ့ရောက်လာတဲ့ တရားခံပြေးလူလိမ်ဖြစ်ပါတယ်။ ဘာသာရေးကိုအသုံးချပြီး မြို့သားတွေရဲ့ယုံကြည်မှုကိုရအောင်ယူကာ နောက်ကွယ်မှာ ငွေတွေလိမ်ပြေးဖို့ကြံနေသူပါ။ သူ့အကြံအစည်တွေကို ဂင်မင်ချောတစ်ယောက် မတော်တဆ သိရှိသွားပြီး ညီမဖြစ်သူနဲ့ဇာတိမြို့ဆီကျရောက်လာမယ့်အန္တရာယ်ကို ကာကွယ်နိုင်ပါ့မလား….မြို့သူမြို့သားတွေကရော ဂင်မင်ချောလို ထောင်ထွက်လူမိုက်ရဲ့စကားကို ယုံကြည်ကြပါ့မလားဆိုတာကတော့… ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်~~