-
Movie Name
-
Fish Tank (2009)
-
Year
-
2009
-
Generes
-
Drama
-
Code
-
EN1731
-
Type
-
Movie
-
Size
-
1.66 GB
-
Country
-
Hollywood
-
Description
-
Fish Tank (2009)
================
ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။
ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့
အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။
ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင်
ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ
အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။
ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ
အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို
သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ
အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။
ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ
အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။
မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့
လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ
အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ်
ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။
ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း
ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး
ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး
ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။
ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့
အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့်
လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။