-
Movie Name
-
Golmaal Again [2017]
-
Year
-
2017
-
Generes
-
Action, Comedy
-
Code
-
IND0528
-
Type
-
Movie
-
Size
-
1.11 GB
-
Country
-
Bollywood
-
Description
-
မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘဝကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။
တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။
ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။
အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေရှိနေလဲ၊ ဂို ပဲလ်တို့အဖွဲ့က ဒီပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းထုတ်မှာလဲဆိုတာတော့ ဘောလိဝုဒ်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ကကွက်အလှ၊ ရိုက်ချက်အလှတွေနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။
ပါဝင်ထားသူတွေကတော့ Ajay Devgn၊ ParineetiChopra၊ Tabu ၊ Arshad Warsi၊ Tushar Kapoor၊ ShreyasTalpade၊ Kunal Khemu စသူတွေဖြစ်ပါတယ်။