-
Movie Name
-
Someone Borrowed (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
EN1740
-
Type
-
Movie
-
Size
-
950 MB
-
Country
-
Hollywood
-
Description
-
Someone Borrowed (2022)
Rsတစ်ခုမှာ 6 လကြာရင်တော့ အချစ်စစ်တွေပေါက်ဖွားလာပါတယ်တဲ့(FAတွေတော့ ဘယ်သိမလဲ😂)။
ဒီတော့ အချစ်ဆိုတာကို ကစားစရာလို့ယူဆထားတဲ့ ကိုယ့်ကိုယ်ကိုယ် Gentleman ကြီးလို သတ်မှတ်ထားတဲ့
ပလေးဘွိုင်းကြီး လူဝိဇ်ကတော့ မိန်းကလေး ၁ ယောက်ကို ၃ လထက်ပိုမတွဲဘဲ ရည်းစားတွေမှိုလိုပေါက်အောင် ထားလေ့ရှိသူပါ။
ဒါပေမဲ့ ၃ လကြာရင်ဖြတ်မယ်ဆိုတာကို ကြိုအသိပေးတတ်တဲ့သူ့ကိုယ်သူတော့ ဆရာကြီးက လူကြီးလူကောင်းလို့မှတ်ယူပြီး
Mr. Perfect Guyပီပီ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကြီး ၃ ရပ် ချမှတ်ထားပါသတဲ့။
လူဝိဇ်ဟာ အိမ်မှာလည်းအစ်မတွေကြားက အငယ်ဆုံးလေးလည်းဖြစ်
တစ်ဦးတည်းသောသားယောက်ျားလေးကလည်းဖြစ်တော့ မားဘွိုင်းလေးဆိုလည်း မမှားပါဘူး။
ဒါပေမဲ့ အလုပ်မလုပ် မိန်းမလည်းမယူချင်တဲ့ ရေပေါ်ဆီသားဖြစ်သူကို အမေတောင်မှ စိတ်ကုန်ချင်ချင်ရယ်ပါ။
ဒီလိုနဲ့ အမေဖြစ်သူ ၆ လပဲအသက်ရှင်တော့မယ်ဆိုတဲ့ သတင်းဆိုးနဲ့အတူ
မိခင်ရဲ့နောက်ဆုံးဆန္ဒက လူဝိဇ်ရဲ့ခံယူချက်တွေအားလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇနီးတစ်ယောက်ရှာဖို့ ဖြစ်နေတဲ့အခါမှာတော့
ဇနီးအငှားလိုက်သည်ဆိုတဲ့ မိန်းမချောလေးလီနာနဲ့ဆုံစည်းရဖို့ အကြောင်းဖန်လာပါတော့တယ်။
အမေဖြစ်သူကို စိတ်ကျေနပ်စေဖို့ကနေ စတင်လိုက်တဲ့ သူတို့နှစ်ယောက်ကြားက ၆ လပတ်သတ်မှုတစ်ခုနဲ့
ဆန့်ကျင်ဘက်စရိုက်တွေကြားကအလွဲအချော်ပေါင်းစုံကတစ်ဖက်၊
လူဝိဇ်နဲ့မတည့်တဲ့အစ်မဖြစ်သူအင်နက်ဇ်ရဲ့အမျိုးမျိုးစောင့်ကြည့်မှုတွေကတစ်ဖုံကြားက
သူရဲ့သတ်မှတ်ချက်အတိုင်း ၆ လအကြာမှာ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ အတူတူကြည့်ရှုခံစားလိုက်ရအောင်ပါ။