-
Movie Name
-
Gaus Electronics (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SKR0737
-
Type
-
Series
-
Size
-
4.69 GB
-
Country
-
Korea
-
Description
-
1-12 Completed
ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်
Comedy Series လေးတင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ –
Kwak Dong Yeon
Go Sung Hee
Bae Hyun Sung
Kang Min Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ဂါအူးစ်လျှပ်စစ်ကုမ္ပဏီရဲ့ ကုမ္ပဏီတွင်းကအလွဲလေးတွေ ဝန်ထမ်းတွေရဲ့
ဝန်ထမ်းဘဝ အခက်အခဲလေးတွေကို ဟာသနှောရိုက်ကူးထားလို့ ပရိတ်
သတ်တွေ အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။
ဇာတ်လမ်းအကျဉ်း
———————————-
အီဆန်းရှစ်က ဂါအူးစ်ကုမ္ပဏီရဲ့ မာကတ်တင်းဌာနက အငယ်တန်း
ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အလွဲတွေလုပ်တတ်တဲ့သူ
ဖြစ်တာကြောင့် သူ့ကို ခိုင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု လွဲချော်မှုတွေ
ဖြစ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဥက္ကဋ္ဌကို လှောင်ပြောင်ထားတဲ့
ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာ ပြန့်သွားခဲ့တယ်။ ဒီဗီဒီယိုကို မှားပြီးတင်
လိုက်တာကတော့ အီဆန်းရှစ်ပါပဲ။ စီနီယာဖြစ်သူ ချာနာရယ်ကတော့
အီဆန်းရှစ်ကို အကြီးအကျယ်ဒေါသထွက်နေတော့တယ်။
ပြဿနာက တော်တော်ကြီးသွားပြီးတော့ နောက်ဆုံး မာကတ်တင်းအဖွဲ့
တစ်ဖွဲ့လုံး ကြီးကြပ်ရေး ရုံးခန်းရောက်ပြီး စစ်ဆေးရေးအဖွဲ့ရဲ့ စစ်မေးမှုကိုပါ
ခံယူခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရဲ့ အလွဲတွေကို ဖြေရှင်းနိုင်သွားမှာလား။
ဘယ်လိုအလွဲလေးတွေ ထပ်ဖြစ်ပြီးတော့ ဘယ်လိုပြဿနာတွေတက်ဦးမလဲ
ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါဦး။