-
Movie Name
-
The Eclipse (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
ST0646
-
Type
-
Series
-
Size
-
3.26 GB
-
Country
-
Thai
-
Description
-
1-12 Completed
ဇာတ်လမ်းအကျဉ်း ...
စူပလိုကျောင်းကတော့ သက်တမ်းရှည်ကြာပြီဖြစ်တဲ့ အထက်တန်းလွှာနာမည်ကြီးယောက်ျားလေးကျောင်းပါ။
နေကြတ်တဲ့အခါတိုင်း ပြဿနာရှာတဲ့ကျောင်းသားတွေအပေါ် မကောင်းတာဖြစ်တတ်တဲ့ ကျိန်စာရှိနေခဲ့ပါတယ်။
ဦးလေးဖြစ်သူရဲ့ သေကြောင်းကြံစည်
မှုကို ဖော်ထုတ်ဖို့ တခုတည်းသောသက်သေဖြစ်တဲ့ မှတ်စုစာအုပ်ကလည်း
စူပလိုဆိုတဲ့ကျောင်းကို ညွှန်ပြနေတာကြောင့် အိုင်ရန်ဟာ ဒီကျောင်းကို လျှောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။
တဖက်မှာလည်း ကျောင်းသားအုပ်စုတစုက ကိုယ်ပိုင်အခွင့်ရေးကို တောင်းဆိုဖို့ ကျောင်းအာဏာပိုင်တွေကို ဆန္ဒပြလာတော့ ကျောင်းသာခေါင်းဆောင် အက်နဲ့ သူ့သူငယ်ချင်းတွေက ဆန္ဒပြတဲ့အဖွဲ့ကို တားရပါတော့တယ်။
အပြုအမူတွေထူးဆန်းပြီး ကျောင်းရဲ့စည်းကမ်းတွေကို အမြဲချိုးဖောက်နေတဲ့ ကျောင်းသားအသစ် အိုင်ရန်ကိုအက်က ဆန္ဒပြအဖွဲ့ရဲ့ကြိုးကိုင်သူဆိုပြီး မသင်္ကာလာတော့ အထူးတလည်မျက်စိဒေါက်ထောက်စောင့်ကြည့်ရပါတော့တယ်။
စည်းကမ်းဖောက်တဲ့သူနဲ့ ကျောင်းစည်းကမ်းကိုအလေးထားတဲ့ ကောင်လေးနှစ်ယောက် ချစ်ကြိုးသွယ်လာကြချိန်မှာ နှစ်ယောက်လုံးဘယ်လိုဖြေရှင်းကြမလဲ ?
ကျောင်းရဲ့ကျိန်စာကို ပြန်ပြင်နိုင်ပါ့မလားဆိုတာကို သဘာ၀လွန်ဖြစ်ရပ်နဲ့ ရောနှောပြီးရိုက်ကူးထားတဲ့ ကားကောင်းလေးတကားမို့ အပတ်စဉ် သောကြာနေ့တိုင်း TSF မှာလက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။