Movie Name
Extracurricular
Year
2020
Generes
Action, Crime
Code
SKR0330
Type
Series
Size
5 GB
Country
Korea
Description
Extracurricular(2020) အပိုင်း( ၁ မှ ၁၀) အထိ[ စ/ဆုံး] ဒီဇာတ်ကားလေးကတော့ action crime drama အမျိုးအစားလေးဖြစ်ပါတယ် .. Sky castle နဲ့စတင်နာမည်ရလာပြီးတော့ လတ်တလောနာမည်ကြီးခဲ့တဲ့ Itaewon class ထဲမှ ာ ပါဝင်ခဲ့တဲ့မင်းသား Kim Dong Hee ရဲ့ပထမဆုံး main lead အနေနဲ့ပါဝင်ရတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်… ဒီကားထဲမှာ Oh Ji Soo အနေနဲ့ပါဝင်ထားပြီးတော့ မော်ဒယ်လ်ကျောင်းသားလေးတစ်ယောက်အဖြစ်ကနေ မမျှော်လင့်ထားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ပြီးနောက်ပိုင်း ရာဇဝတ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ် . .. ဒီဇာတ်ကားရဲ့အစကတော့ ကျောင်းသားအဖွဲ့တစ်ဖွဲ့ကနေ ပိုက်ဆံရှာဖို့အတွက်နဲ့ ပြစ်မှုတွေကိုကျူးလွန်ရာကနေ အဲ့ဒီကနေ ရလာတဲ့ရလာဒ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို အဓိကဦးတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ် … ဒီဇာတ်လမ်းရဲ့အဓိကအကြောင်းရင်းကတော့ မော်ဒယ်လ်အဖြစ်ကနေ ပြစ်မှုကျူးလွန်သူဖြစ်သွားခဲ့တဲ့ Ji Soo ကစတင်ခဲ့တာပါ… သူဟာသူ့ရဲ့ကျူရှင်လခတွေပေးဖို့အတွက်နဲ့ မှားယွင်းတဲ့ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့ပါတယ် … အဲ့အရာကနေ ပြင်းထန်တဲ့ပြစ်မှုဆိုင်ရာကို ဖြစ်ပွားစေခဲ့ပါတော့တယ်..သူ့သူငယ်ချင်းတွေဖြစ်တဲ့ Min Hee နဲ့ Gyu Ri တို့ကပါ ဒီအမှုထဲဘယ်လိုပါဝင်လာပြီး ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Netflix ကလွှင့်တဲ့စီးရီးမှာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး … Netflix series ဆိုတဲ့အတိုင်း စိတ်ဝင်စားဖို့လည်းကောင်းပြီး လှည့်ကွက်တွေလည်းပါဝင်သွားမှာမို့ လူငယ်ဆန်ဆန် action crime တွေကိုစိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ကားလည်းဖြစ်ပါတယ်…..