Movie Name
မောင့်ရဲ့သခင်မလေး (Roy Mai)
Year
2011
Generes
Drama, Romance
Code
ST0648
Type
Series
Size
12.1 GB
Country
Thai
Description
1-22 Completed မောင့်ရဲ့သခင်မလေး အချစ်ဟာ သူ့ချည်းသပ်သပ်ဆိုချစ်နေရုံနဲ့လုံလောက်ပေမယ့် အချစ်မှာ တာဝန်ဝတ္တရားတွေ သစ္စာစောင့်သိမှုတွေပါလာတဲ့အခါ အချစ်ဟာချစ်နေရုံနဲ့မလုံလောက်တော့ပါဘူး..... ဒီတစ်ခေါက်တော့ အချစ်ရဲ့‌ပျော်ရွှင်မှု ဝမ်းနည်းမှု ကြည်နူးမှု ကြေကွဲမှု တွေကိုဖော်ကျူးပေးမယ့် ဂန္တဝင်‌မြောက်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်..... Casts; မင်းသားသီရိဝုန် (ဆူရီယာဝုန်) အဖြစ် Aum Athichart Chumnanon မင်းသမီးမာနီရင် (ရယ်ရင်) အဖြစ် Aff Taksaorn Paksukcharoen ရယ်ရင်ဟာယက်ကန်းပညာကိုချစ်မြတ်နိုးပြီးလေ့လာလိုက်စားခဲ့ရာကနေ တက္ကသိုလ်ကပါမောက္ခတစ်ဦးဖြစ်လာခဲ့ပါတယ်... တစ်နေ့တော့သူမရဲ့ချစ်သူ ထနင်နဲ့သဘောထားကွဲလွဲမှုတွေရှိတာကြောင့် သူမတစ်ယောက်ထဲ ချင်းမိုင်ကိုခရီးထွက်လာခဲ့ရင်း ချင်းမိုင်မှာရှိတဲ့ ချန်းစားသောက်ဆိုင်ပိုင်ရှင် ဆူရီယာဝုန်နဲ့ဆုံခဲ့ပါတယ်..... ဆူရီယာဝုန် ကတော့ ချင်းမိုင်တော်ဝင်မျိုးနွယ်ကဆင်းသက်လာသူတစ်ဦးပါ။ သူ့အဖွား ဘူဝါငန်ကိုချင်းမိုင်နောက်ဆုံးမင်းကမွေးစားခဲ့ပြီး ဘူဝါငန်ဟာ မင်းသားသီရိဝတ္ထနရဲ့ တိတ်တိတ်ပုန်းဇနီးဖြစ်ခဲ့ပါတယ်။ ရယ်ရင်နဲ့ ဆူရီယာဝုန်တို့ရဲ့တွေ့ဆုံမှုဟာအမှတ်တမဲ့ဆိုပေမယ့် သူတို့၂ဦးရဲ့အတိတ်မှာတော့ အမှတ်တရများစွာရှိခဲ့ကြပါတယ်..... ဆူရီယာဝုန်ဟာ အတိတ်ဘဝက ချင်းမိုင်ရဲ့မင်းသားငယ်သီရိဝုန် ဖြစ်ခဲ့ပြီး ရယ်ရင်ကတော့ ချင်းမိုင်မင်းသားကြီး (သီရိဝုန်ရဲ့အစ်ကို) သီရိဝတ္ထနနဲ့ လက်ထပ်ဖို့‌စေလွှတ်လိုက်တဲ့ ချင်းတွန်မင်းသမီးမာနီရင် ဖြစ်ခဲ့ပါတယ်... မင်းသမီးမာနီရင် ချင်းမိုင်မြို့တော်ကိုရောက်လာတဲ့အခါမှာတော့ မင်းသားငယ်သီရိဝုန်နဲ့ဆုံဆည်းခဲ့ပြီး လွတ်လပ်မှုကိုနှစ်သက်တဲ့လူငယ်တို့သဘာဝ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်... မင်းသမီးမာနီရင်ကိုမြင်မြင်ချင်းချစ်ခင်စုံမက်သွားတဲ့ မင်းသားကြီး သီရိဝတ္ထန... မင်းသမီးမာနီရင်ကိုမနာလိုဖြစ်ပြီးအမြဲအကောက်ကြံနေတဲ့ သီရိဝတ္ထနရဲ့ တိတ်တိတ်ပုန်းမယား ဘူဝါငန်... ချင်းမိုင်ထီးနန်းရဲ့ ထီးမွေနန်းလျာဖြစ်တဲ့မင်းသားကြီးသီရိဝုန်ရဲ့ ကြင်ယာတော်မိဘုရားလောင်းဆိုတဲ့တာဝန်ကိုသယ်ပိုးထားရတဲ့ မင်းသမီးမာနီရင်..... ချင်းမိုင်ဘုရင်လောင်းရဲ့ညီတောင်ဖြစ်တဲ့ ချင်းမိုင်ရဲ့မင်းသားငယ်တစ်ဦးအဖြစ်နဲ့ နိုင်ငံတာဝန်မိသားစုသစ္စာကိုစောင့်ထိန်းရတဲ့ မင်းသားသီရိဝုန်..... သူတို့ရဲ့အတိတ်ဘဝက ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာဘယ်လိုအဆုံးသတ်ခဲ့သလဲ....? ပစ္စုပ္ပန်ဘဝမှာရော သူတို့ ၄ဦးပြန်လည်ဆုံဆည်းကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်