-
Movie Name
-
Love In The Air (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
ST0650
-
Type
-
Series
-
Size
-
5.12 GB
-
Country
-
Thai
-
Description
-
MAME ရဲ့ နာမည်ကြီးဝတ္ထုတွေဖြစ်တဲ့ “Love Storm” and “Love Sky” ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Love in The Air series လေးဟာ BL fans တွေ အစောင့်မျှော်နေရဆုံးစီးရီးလေးတစ်ခုလည်း ဖြစ်ပါတယ်။ MeMindY ကနေ အသစ်တင်ဆက်ပေးလိုက်တဲ့ ဒီ BL series လေးကို Gold Channel မှာ ကြည့်ရှုလို့ရပါပြီ။
�Payu ဟာ ကျောင်းသားတိုင်းပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စီနီယာတစ်ယောက်ပါ။ ဘာလို့ရေပန်းစားလူကြိုက်များရလဲဆိုရင် စာဆိုလည်းစာ အရမ်းတော်တယ်။ ရုပ်ရည်ကလည်း မင်းသားရှုံးလောက်အောင် ဖြောင့်တဲ့အပြင် သဘောပါကောင်းတော့ ကောင်မလေးတွေကလည်း ကြွေ ကောင်လေးတွေကလည်း အားကျရတာပေါ့။
�ဒီလိုသတင်းမွှေးလှတဲ့ Payu ကို Rain ကတော့ အစပိုင်းမှာ သိပ်မကြည်ရှာပါဘူး။ ဘာလို့ဆို သူတစ်ဖက်သတ်သဘောကျရတဲ့ကောင်မလေး Ple နဲ့ သူ့သူငယ်ချင်း Sky တို့က ဝေဆာနေအောင် ပြောနေကြလို့သာ Payu အကြောင်း သိခဲ့ရတာကိုး။
ဒါပေမဲ့ ချစ်ခြင်းအစ မုန်းခြင်းကဆိုသလို နောက်ပိုင်းမှာ Payu အပေါ် အမြင်မကြည်တဲ့ Rain ရဲ့စိတ်က ဘယ်လိုပြောင်းလဲသွားမလဲ။ သူတို့ကြားမှာဘာတွေဖြစ်လာမလဲ။ ဒါ့အပြင် Sky ရဲ့နှလုံးသားကို လှုပ်ကိုင်မယ့် Prapai ပေါ်လာချိန်မှာ သူငယ်ချင်းနှစ်ယောက် သူတို့ရဲ့ အချစ်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ စောင့်ကြည့်ရမှာပါ။