-
Movie Name
-
A Stray Cat (2020)
-
Year
-
2020
-
Generes
-
Drama
-
Code
-
04557
-
Type
-
Movie
-
Size
-
428 MB
-
Country
-
Korea
-
Description
-
ဒီကားလေးကတော့ ယူတတ်ရင်သင်ခန်းစာရတဲ့
ကားလေးတစ်ကားဖြစ်ပါတယ်။
ရိုးလွန်းအလွန်းရင်လည်း အလိမ်အညာခံရသလို
လည်လွန်းတဲ့သူတွေကျတော့လည်း
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်တစ်ဖက်သားကို
လှည့်ပတ်လိမ်ညာတတ်တယ်ဆိုတဲ့
အကြောင်းအရာလေးကိုထည့်သွင်းပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရရင် မင်းသားဖြစ်တဲ့
ဓါတ်ပုံဆိုင်ပိုင်ရှင် ရိုးသားတဲ့လူပျိုကြီးက
တစ်ကိုယ်တည်း ပိုက်ဆံတွေစု မင်္ဂလာဆောင်မယ်ဆိုတဲ့
အတွေးနဲ့ နေ့တိုင်း စိတ်ကူးယဉ်နေတဲ့သူပါ။
တရက်တော့သူဆိုင်ကိုမထင်မှတ်ပဲ ကောင်မလေး တစ်ယောက်က
သူကိုလူဆိုးတွေလိုက်ဖမ်းနေလို့ပါဆိုပြီး
ဆိုင်ထဲပြေးဝင်လာတယ်။
ကောင်မလေးကလည်းငယ်ငယ်ချောချောလေးဆိုတော့
လူပျိုကြီးက ကြွေတာပေါ့။
အဲ့ကောင်မလေးနောက်ကို လိုက်လာတဲ့ လူဆိုးတွေကို
မလိမ်တတ်တဲ့ လူပျိုကြီးက ကြောက်ကြောက်နဲ့ လိမ်ပေးရင်း
အဲ့ဒီအမည်မသိ နောက်ကြောင်းမသိ ကောင်မလေးနဲ့
ရင်းနှီးကျွမ်းဝင်ဖို့ ဖြစ်လာခဲ့တယ်။
ကောင်မလေးပြောပြပုံအရဆိုရင် ကောင်မလေးက
သိပ်ချမ်းသာတဲ့ လူဆိုးဂိုဏ်းတစ်ခုရဲ့
တစ်ဦးတည်းသော သမီးလေးပေါ့။
သူအဖေကသေသွားပြီး သူအဖေလက်အောက်က
သစ္စာဖောက်တပည့်တွေက ကောင်မလေးကို ပြန်ပေးဆွဲပြီး
သိန်းတစ်သောင်းကျော်အမွေကို အပိုင်ကြံလို့ ဒုက္ခရောက်နေရတဲ့
ဒုက္ခသည်မလေး။
သူကို လူဆိုးတွေလက်က ၁၅ရက်လောက် ဖွက်ထားပေးရင်
ကောင်မလေးက လူပျိုကြီးကို
သိန်းတစ်သောင်းအကုန်ပေးမယ် ပြောတယ်။
ဒါကိုသနားဂရုဏာသက်မိတဲ့ လူပျိုကြီးတစ်ယောက်
ပထမတော့ငွေမက်လို့ အပေးအယူလက်ခံမိရာကနေ
အဲ့ဒီကောင်မလေးနဲ့ ဘယ်လိုဖူးစာပါပြီးဇာတ်လမ်းဆက်မယ်။
ဘယ်လိုလှည့်ကွက်တွေကို ကြုံရမယ်ဆိုတာ
ကိုယ်တိုင်ပဲဆက်လက်ရှုစားစေချင်ပါတယ်။
သေချာတာကတော့ ရိုးသားတဲ့သူတွေ
အယုံမလွယ်ဖို့ လူလိမ်မခံရဖို့နဲ့ ကောင်မလေးချောချောဆို
စွတ်ယုံတတ်တဲ့ လူပျိုကြီးတွေ
သင်ခန်းစာရဖို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပါ။