Movie Name
The Golden Spoon (2022)
Year
2022
Generes
Drama, Fantasy
Code
SKR0742
Type
Series
Size
5.39 GB
Country
Korea
Description
1-16 Completed မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ ဒေါ့ဟွာလေးကို မှတ်မိပြီး Mystic Pop-Up Bar ကြည့်ဖူးတဲ့သူဆို ဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်… ဟုတ်ပါတယ် အဓိကဇာတ်ဆောင်က BTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော် မင်းသား Yook Sung-Jae ပါပဲ ဇာတ်လမ်းလေးကလည်း အတော်စိတ်ဝင်စားဖိုကောင်းပါတယ် ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီး ခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါ Lee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီး ရုန်းကန်ကြီးပြင်းလာခဲ့ရတယ် နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီး ချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကို ကြားလိုက်ရတယ်”မချမ်းသာချင်ဘူးလား? ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေ းတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ” Seung-Cheon စိတ်ဝင်စားသွားပြီး ရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ် “ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာ ဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆို သူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်” သူလည်း အဘွားအိုပြောတဲ့အတိုင်း အရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်း Hwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်… ********** Yook SungJae , Yeon Woo , Jung ChaeYeon , Lee JungWon တိုကအဓိကပါဝင်ထားပါတယ်။ Supernatural , fantasy ကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်ပြီး စိတ်ဝင်စားဖွယ် ဇာတ်အိမ်တည်ထားတဲ့အပြင် Idol မင်းသားချောလေး Yook Sung Jae ရဲ့ main lead ကားဆိုတော့ အပတ်စဉ် မလွတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါတော့!!!