Movie Name
Casablanca (1942)
Year
1942
Generes
Drama, Romance, War
Code
04558
Type
Movie
Size
532 MB
Country
Hollywood
Description
ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌ဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် က Moroccoနိုင်ငံကိုထွက်သွားပြီး Casablanca မြို့မှာ ဘားတစ်ခုဖွင့်လို့ အတည်တကျဖြစ်နေခဲ့ပါပြီ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ အဲ့ဒီ့ဘားကို အယ်လ်ဆာ နဲ့ သူ့အမျိုးသား ဗစ်တာ တို့ရောက်ချလာပါတယ် အယ်လ်ဆာ က ဘားမှာ စန္ဒရားအတီးကျွမ်းတဲ့ ဂီတသမား ဆမ် ကို ‌ပြန်တွေ့လိုက်တော့ သီချင်းတစ်ပုဒ်တောင်းပါတယ် အဲ့သီချင်းက As Time Goes By ပါ သူတို့တွေပြန်ဆုံသွားကြတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲ အယ်လ်ဆာ ကရော ဘယ်သူ့ကို ပိုချစ်တာလဲ ဘာကြောင့် ရစ်ခ် နဲ့အတူထွက်သွားဖို့မလာခဲ့တာလဲ နိုင်ငံရေးအကျဉ်းအကျပ်တွေကြားမှာ သူတို့ ၃ ဦးရဲ့ ချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မှာလဲ ကြည့်ရှုခံစားရမှာပါ အရမ်းကိုကောင်းတဲ့ဇာတ်ကားမလို့ ကြည့်ရှုပြီးခံစား ပေးကြပါအုံးနော် IMDb – 8.5/10 Rotten Tomatoes – 99% Metacritic – 100% Google users – 80% ရှိပြီး Oscars Award – Nomination ၉ ခုဝင်ပြီး Winner ၃ ခုရထားပါတယ်