-
Movie Name
-
Doctor Prisoner
-
Year
-
2019
-
Generes
-
Drama, Thriller
-
Code
-
SKR0332
-
Type
-
Series
-
Size
-
5.41 GB
-
Country
-
Korea
-
Description
-
Doctor Prisoner ( 2019 ) စစထွက်ချင်းမှာပဲလူပြောများခဲ့ပြီး My Drama list မှာ 8.4ထိရရှိထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Cross(ဆန့်ကျင်ဘက်)လိုကားမျူ ိးကြိုက်နှစ်သက်သူများ လုံးဝလက်လွှတ်မခံသင့်တဲ့ကားပါပဲလို့ပြောချင်ပါတယ် မင်းသားအနေနဲ့ကတော့ ကိုလူချောထဲက Nam Goong Minနဲ့ တရားသူကြီးမင်းထဲကမင်းသမီးလေး Nara တို့ဖြစ်ပါတယ် >>>> ဇာတ်လမ်းအကျဉ်း <<<< နာရီဂျေး ဆိုတဲ့ဆရာဝန်ဆိုရင် ထယ်ဂန်းဆေးရုံက မသိတဲ့သူ မရှိသလောက်ပါပဲ ရုပ်ချော သဘောကောင်း ဆင်းရဲသားပိုက်ဆံမတက်နိုင်သူတွေကိုလဲ မေတ္တာထား အိပ်စိုက် ကုသပေးတဲ့သဘောဖြူတဲ့ဆရာဝန်လေးပါ အမေအိုကြီးအတွက် ဆေးကုသစရိတ်ကိုရှာဖွေနေရသူလဲဖြစ်ပါတယ် ဆေးကုရမှာ အလွန်တော်သူလဲဖြစ်ပါတယ် တချက်လေးစမ်းသပ်လိုက်တာနဲ့ ဘာရောဂါဆိုတာတန်းသိသူမို့ ထယ်ဂန်းဆေးရုံရဲ့ အတော်ဆုံး ဆရာဝန်ဆိုလဲမမှားပါဘူး >>> တစ်နေ့ အထက်လူကြီးအကူအညီနဲ့ သူ့အမေကို ထယ်ဂန်းဆေးရုံမှာ အလကားခွဲစိတ်ခွင့်ရခဲ့ပါတယ် သူ့အတွက်တော့ အပျော်ဆုံးပေါ့ အဲ့နေ့မှာပဲ သူနဲ့ ခင်မင်တဲ့ဆင်းရဲလင်မယားကို (ဇနီးသည်က ကိုယ်ဝန်သည်)ကို သူက သူ့အိပ်စိုက်ပြီး ထယ်ဂန်းဆေးရုံမှာ သားဖွားဖို့ပြောလိုက်တယ် ပျော်ရွှင် နေတဲ့ လင်မယားနှစ်ယောက် ပျော်လို့ပင် မဝသေးခင်မှာပဲ ကားအက်စီးဒန့်ဖြစ်သွားခဲ့တယ် ခင်ပွန်းသည်က ဆေးရုံရောက်ရောက်ချင်းမှာပဲ သူ့ဇနီးကို ဒေါက်တာနာရီဂျေးကို ကယ်ဖို့ပြောပြီး သေသွားခဲ့တယ် ( ကားအက်စီးဒန့်ကြောင့် ထယ်ဂန်းဆေးရုံ ပိုင်ရှင်သမီး လီဂျေးအင် နဖူးပွန်းသွားခဲ့တယ် ) ကတိပေးထားတဲ့အတိုင်း ဒေါက်တာနာရီဂျေါ်ဟာ ကားအက်စီးဒန့်ကြောင့် မေ့မျောနေတဲ့ကိုယ်ဝန်သည် ဇနီးသည်ကို ခွဲစိတ်ပေးပါတော့တယ် ခွဲစိတ်နေစဉ်မှာ ထယ်ဂန်းဆေးရုံပိုင်ရှင်သား လီဂျယ်ဟွမ် ရောက်ရှိလာပြီး သူ့ညီမ နဖူးဒဏ်ရာပိုကုသဖို့ပြောပါတယ် ခွဲစိတ်နေရင်းနဲ့မို့ လာလို့မရကြောင်းပြောပါသော်လည်းမရပါ နာရီဂျေး စီနီယာကို အကူအညီတောင်းပြီး နာရီဂျေးကိုထပ်ခေါ်ပါတော့တယ် နာရီဂျေးက ခဏထွက်တွေ့ခဲ့ပါတယ် ခွဲစိတ်နေလို့ ပွန်းပဲ့ဒဏ်ရာကို ကြည့်မပေးနိုင်ကြောင်းငြင်းပြီး ပြန်အလာမှာ လူနာသေဆုံးသွားခဲ့ပါတယ်... သူ့ညီမကိုကြည့်မပေးလို့ ရန်ငြိုးထားတဲ့ လီဂျယ်ဟွမ်က နာရီဂျေးမှားယွင်းခွဲစိတ်လို့လူနာသေရတာလို့ရဲတိုင်ခဲ့ပါတယ် ဆရာဝန် လိုင်စင်လဲ အသိမ်းခံရ အမေဖြစ်သူလဲ ခွဲစိတ်ခွင့်မရတော့ပဲ ထောင်ပါကျသွားခဲ့ရတဲ့ နာရီဂျေးတယောက် ဘယ်လိုတွေလက်စားချေမလဲဆိုတာတော့.... #TYMMtvမှတင်ဆက်သည်