-
Movie Name
-
All Or Nothing Arsenal (2022)
-
Year
-
2022
-
Generes
-
Documentary, Sport
-
Code
-
SE0326
-
Type
-
Series
-
Size
-
4.68 GB
-
Country
-
Hollywood
-
Description
-
All or Nothing: Arsenal (2022) Complete
~ IMDb – 9.2/10, Rotten Tomatoes – 82% ~
Arsenal လို့ပြောလိုက်တာနဲ့ သီရာရီအွန်နရီတို့ ပက်ထရစ်ဗီအဲရာတို့ ဘားကမ့်တို့နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းထားတဲ့ The Invincible ကို ဘယ်သူမှပြန်မြင်တော့မယ်မထင်ပါဘူး။ အတွေ့အကြုံနုနယ်သေးတဲ့ နည်းပြနဲ့ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်အစုအဖွဲ့ကိုပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။
အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြဖြစ်တဲ့ အာဆင်ဝင်းဂါးနောက်ပိုင်းမှာ နည်းပြအလှည့်အပြောင်းနဲ့ ကစားသမား အလှည့်အပြောင်းတွေကြားမှာ အာဆင်နယ်ဟာ ခေတ်သစ်ဘောလုံးလောကရဲ့အပြောင်းအလဲဒဏ်တွေကို အလူးအလဲခံနေရပါတယ်။ ဒီဒဏ်တွေကြားထဲကနေ လူငယ်နည်းပြလေး အာတီတာကိုင်တွယ်ရတဲ့အချိန်မှာတော့ အသင်းကိုအလုံးစုံမြေလှန်ပစ်ရမလိုဖြစ်သွားပါတယ်။ အာတီတာကလည်း လူငယ်တွေနဲ့ အသင်းကို သွေးသစ်လောင်းချင်နေတဲ့အတွက် အတွေ့အကြုံပြည့်ဝလှတဲ့ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်ကစားသမားတွေ နှိပ်ကွပ်တာကိုခံရပါတော့တယ်။
ဒီ Documentary မှာ ဆုဖလားတွေကိုမြင်ရမှာမဟုတ်ပါဘူး၊ အောင်မြင်မှုတွေကိုမြင်ရမှာမဟုတ်ပါဘူး။ Arsenal ကိုမြင်ရမယ် လူငယ်တွေကို မြင်ရမယ် လူငယ်ဟန်ကိုမြင်ရမယ် စိတ်ဓာတ်တွေကိုမြင်ရမယ်။ All or Nothing ဟာ Arsenal ပရိသတ်တွေအတွက်တော့ ရင်ထဲကို တစ်ခုခုပို့ပေးနိုင်ပါလိမ့်မယ်။