Movie Name
1th Hour (2022)
Year
2022
Generes
Comedy, Drama
Code
SIND0040
Type
Series
Size
1.53 GB
Country
Bollywood
Description
1-8 Completed 11th hour 2022 KGF 1 Baahubali2 တို့မှာ အားလုံးနဲရင်းနှီးနေတဲ့မင်းသမီးချောလေး Tamannaah ပါဝင်ထားပြီး အပိုင်း ၈ပိုင်းပါဝင်တဲ့စီးရီးလေးပဲ ဖြစ်ပါတယ် မူရင်းအနေနဲ့ 8 hours ဆိုတဲ့စာအုပ်ကို အခြေခံပြီး ခံစားသက်ဝင်ရိုက်ကူးခဲ့တာပါ ။ ၂၀၂၁ ဇန်နဝါရီမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နောက်ကျထုတ်လွှင့်ခဲ့ရတဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူး ။ စီးရီးမှာတော့ အဓိက ဇာတ်ဆောင်အနေနဲ့ ငယ်စဥ်ကတည်းက အမေဖြစ်သူကိုနှိပ်စက်ပြီး မိန်းကလေးဆို အထင်သေးတဲ့ ဖခင်ဖြစ်သူနဲ့နေခဲ့ရတဲ့ အာရီထရစ်ကာ ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ဘ၀ဇာတ်ကြောင်းကို ရသစုံလင်စွာနဲ့ crime thriller ပုံစံမျိုး ရိုက်ကူးပုံဖော်ထားတာပါ ‘ ဦးတည်ချက် မှန်မှန် ခြေလှမ်းတွေ လှမ်းလိုက်ပေမယ့်လည်း ပြဿနာတွေဆီ ရောက်သွားတတ်တယ် ။ အဲဒီပြဿနာတွေကို နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းပြီး ဖြေရှင်းမှ အောင်မြင်မှု ရလိမ့်မယ် ‘ ဆိုတဲ့ အာရီထရစ်ကာရဲ့ ရဲရင့်တဲ့ ခံယူချက် …. ဒီလိုခံယူချက်တွေနဲ့ အမျိုးသမီးတစ်ဦးက ငယ်စဉ်ကတည်းကယောက်ျားလေးဖြစ်တဲ့ မောင်ဖြစ်သူကိုသာ ဦးစားပေးတဲ့ ဖခင်နဲ့ ကြီးပြင်းလာရပြီး ကံကြမ္မာအလှည့်အပြောင်းကြောင့် ဖခင်ရဲ့ ကုမ္ပဏီကို အမွေဆက်ခံလိုက်ရတဲ့အခါ … အကြောက်တရားမဲ့ သတ္တိရှိရှိနဲ့ အမျိုးသားတွေရဲ့လောကကိုကြီးစိုးဖို ကြိုးစားချင်တဲ့ Aratika သူမဘဝရဲ့အကြီးမားဆုံးတိုက်ပွဲကို အောင်မြင်မှာလား … ဒေဝါလီ ခံရခါနီး ဖြစ်နေတဲ့ သူမရဲ့ ကုမ္ပဏီကိုရော ကယ်တင်နိုင်မလား ဆိုတာကိုတော့ အပိုင်း ၈ ပိုင်းလုံး အဆုံးထိ ဆက်လက်ကြည့်ရှု အားပေးသွားပါဦးနော်