Movie Name
Bravo My Life (2022)
Year
2022
Generes
Comedy, Romance
Code
SKR0744
Type
Series
Size
30 GB
Country
Korea
Description
ဒီတစ်ခေါက်မှာတော့ CM ကနေ အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်ကြွဖျတ်လတ်တဲ့ကောင်မလေးနဲ့ သူဌေးသားကောင်လေးအကြောင်းကို ဇာတ်အိမ်ကြီးကြီးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အပိုင်းရှည်မိသားစုဟာသကားလေးကို တင်ဆက်သွားမှာပါ ဒီကားလေးမှာဆိုရင်… ဆောဒုန်ဟီးဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတာဖြစ်ပြီး ဒီဇိုင်းနာဖြစ်ချင်တဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဒုန်ဟီးဟာ သူ့တူကို သူ့ရဲ့သားအဖြစ်မွေးစားပျိုးထောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒီနောက် ဒုန်ဟီးတစ်ယောက် အရင်ကတည်းကပန်းခင်းလမ်းမဟုတ်တဲ့ အိပ်မက်ရှိရာဆီလျှောက်လှမ်းရာလမ်းမှာ ထပ်တိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရဖို့ဖြစ်လာပါတော့တယ် ဂန်ချာယောလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ကတော့ ကုမ္ပဏီခပ်ကြီးကြီးထောင်ထားတဲ့ အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ မိသားစုနောက်ခံအသိုင်းအဝိုင်း​တောင့်ပေမဲ့လည်း သူကြုံနေရတဲ့ ပြဿနာဟာ အစစအရာရာ အဆင်ပြေချောမွေ့တဲ့ သူ့အဖေကုမ္ပဏီမှာ အလုပ်မဝင်ချင်ဘဲ အရင်နေခဲ့ရာ U.S ကိုပဲ ပြန်သွားချင်နေတာပဲဖြစ်ပါတယ် သို့သော်ငြားလည်း ရွှေလင်ပန်းနဲ့မွေးလာတဲ့ သူဌေးသားလေးချာယောဟာ သူ့အဖေရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ ဘာမှမလုပ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူ့အဖေကုမ္ပဏီမှာ တစ်နှစ်အလုပ်လုပ်ပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ် ကံကြမ္မာအရ အိပ်မက်နောက်လိုက်နေတဲ့ ဆောဒုန်ဟီးနဲ့ U.Sကို ပြန်ဖို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရတဲ့ ဂန်ချာယောတို့ ပတ်သတ်ဆက်နွယ်မိသွားချိန်မှာ သူတို့တွေရဲ့ဘဝ အိပ်မက်တွေ မိသားစုအသိုင်းအဝိုင်းတွေ ဘယ်လိုမျိုးပြောင်းလဲလှုပ်ခတ်သွားမလဲဆိုတာ ဟာသလေးနှောပြီး ဆက်ကြည့်ကြရမှာပါ