-
Movie Name
-
Ordinary Hero (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
CN0479
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
China
-
Description
-
CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို
ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်
၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ
ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ်
ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့
လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက်
လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး
ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို
ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်
ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး
ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး
အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီးတော့
ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ –
❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ?
❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ?
❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ?
ဆိုတာ ကြည့်ရှုရမဲ့အပြင် –
❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ,
❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ,
❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို
အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ
တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင်
“Li Bing Bing,Ma Tian Yu , Feng Shao Feng,
Huang Xiao Ming,Zhang Yi Shan,Gulnezer,
Hankiz Omar,Hu Bing Bing” အစရှိတဲ့ န
ာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ ပိုပြီးတော့တောင် လက်မလွှတ်သင့်ပါဘူးနော်