-
Movie Name
-
Christmas In Paradise (2022)
-
Year
-
2022
-
Generes
-
Comedy
-
Code
-
EN1818
-
Type
-
Movie
-
Size
-
698 MB
-
Country
-
Hollywood
-
Description
-
ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု
တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး
တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။
ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက်
တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ
မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း
ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ
သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက်
ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ
ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။
ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင်
ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ်
အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက်
ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့
ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့်
ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ်
ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့
ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက်
ကြည့်ရှုလိုက်ကြပါ။