Movie Name
ကောင်းကင်ဖန်တီးတဲ့အချစ် (Fah Fah Ruk) (2020)
Year
2020
Generes
Comedy, Drama, Romance
Code
ST0656
Type
Series
Size
14.5 GB
Country
Thai
Description
အားလုံးပဲ Mint Myanmar FC ကနေ တင်ဆက်ပေးမယ့် ကားလေးကတော့ အက်မင်တို့ အချစ်တော် Mint လေး ပါဝင်ထားတဲ့ Fah Fak Ruk ဆိုတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ 2020 တုန်းက Ch3 Thailand မှာ ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ အချစ် ဟာသဇာတ်လေးပဲ ဖြစ်ပါတယ်။ မင်မင်တို့ကတော့ "ကောင်းကင် ဖန်တီးတဲ့ အချစ် "လို့ နာမည်​လေး ပေးထားပါတယ်။ Main Cast တွေ အနေနဲ့ ခင်ဟန် အဖြစ် Toey Pongsakorn တုန့်ရတ် အဖြစ် Mint Chalida ဇာတ်လမ်း အကျဥ်းလေးကတော့...... - တုန့်ရတ် ဆိုတဲ့ ချစ်စရာကောင်းမလေးဟာ ကိုယ်ဝန်ဆောင်ဖို့ အခက်ခဲဖြစ်နေတဲ့ သူမရဲ့ အစ်မဖြစ်သူ ပရာဖာ အတွက် အငှား ကိုယ်ဝန် ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် 🤍🤩 - ပရာဖာရဲ့ ချစ်သူ နတ်ထိဟာ ရိုးရိုး ဂီတာဖျော်ဖြေရေး သမားပါ 💛 - ရုတ်တရက် နတ်ထိဟာ မလိုသူတွေ ဝိုင်းနေတဲ့ အာစဝပ်ကေခွန် မိသားစု ရဲ့ အမွေဆက်ခံသူ ဖြစ်နေခဲ့ပါတယ် 😮🙈 - တစ်နေ့ ခွန်နတ်ထိ နဲ့ ခွန်ပရာဖာ ခရီးတစ်ခုက အပြန် လုပ်ကြံခံရပြီး ကားအက်ဆီးဒန့် ဖြစ်ပြီးတော့ ဆုံးသွားပါတယ် 🥺 💔 - ဒီလိုနဲ့ တုန့်ရတ် တစ်ယောက် အလုပ်အကိုင်မရှိ ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့ပါတယ် 😞 🥺 - တုန့်ရတ် တစ်ယောက် သူမ အာစဝပ်ကေခွန် မိသားစုရဲ့ အမွေဆက်ခံသူကို လွယ်ထားရကြောင်း ပြောပြဖို့ ကြိုးစားခဲ့ပေမယ့် ခင်ဟန်ဆိုတဲ့ အရုပ်ဖန်တီးသူ အမျိုးသားက တားခဲ့ပါတယ် 😱 - အကြောင်းရင်းကတော့ လုပ်ကြံသူက အာစဝပ်ကေခွန်မိသားစုရဲ့ အမွေဆက်ခံသူကို သတ်ချင်နေတာ သိနေတာကြောင့် ဖြစ်ပါတယ် 🤧 - ခွန်ခင်ဟန် တစ်ယောက် တုန့်ရတ်ကို လုပ်ကြံသူ ရန်ကနေ ကာကွယ်ပြီးတော့ အမှန်တရား ကို ဖော်ထုတ်ဖို့ အတွက် ကလေး နဲ့ တုန့်ရတ်ကို စောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် 🤭💛 - ဒီလိုနဲ့ ခင်ဟန် နဲ့ တုန့်ရတ်တို့ နှစ်ယောက် အမှန်တရားကို ဖော်ထုတ်ပြီးတော့ ကလေးကို သူ့နေရာအမှန်ကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် 💜 - ဒီလိုနဲ့ တုန့်ရတ် နဲ့ ခင်ဟန်ကြား အမှတ်မထင်ဘဲ အချစ်တစ်ခု ပေါက်ဖွားလာပြီးတော့ သူတို့ အဲ့ဒီ အချစ်ကို လက်ခံကြပါ့မလား🤭🙊 ? လုပ်ကြံသူအစစ်ကိုရော ဖော်ထုတ်နိုင်ပြီး ကလေးကိုရော နေရာအမှန် ပို့ပေးနိုင်ပါ့မလား ဆိုတာ အချစ် ဟာသ ဓာတ်မြူး ဇာတ်လမ်းလေးဖြစ်တဲ့ " ကောင်းကင်ဖန်တီးတဲ့အချစ် " ဇာတ်လမ်းမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ 💜