Movie Name
Class Of Lies
Year
2019
Generes
Crime, Drama
Code
SKR0337
Type
Series
Size
7.29 GB
Country
Korea
Description
ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးအတွက် ကျောင်းတွင်း မှုခင်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးမှာပါ ဒီဇာတ်လမ်းတွဲလေးကို July 17 ရက်က စတင်ပြီး OCN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာပါ အပတ်စဉ် ဗုဒ္ဓဟူး ကြာဿပတေးနေ့တိုင်း အပိုင်းသစ်ထွက်ရှိပြီး အပိုင်းပေါင်း ၁၆ ပိုင်းထိ ထွက်ရှိမှာဖြစ်ပါတယ် ချွန်းမြောင်အထက်တန်းကျောင်းမှာ လူသတ်မှုဖြစ်ပွားပုံနဲ့ ဇာတ်အိမ်တည်ထားတာပါ ချွန်းမြောင်းအထက်တန်းကျောင်းကတော့ လူကုံထံတွေရဲ့ သားသမီးတွေ အာဏာပိုင်တွေရဲ့ သားသမီးတွေနဲ့ စာအရမ်းတော်တဲ့ကလေးတွေ အနုပညာအသိုင်းဝိုင်းက ကလေးတွေအများစုတက်ကြတဲ့ လူချမ်းသာ အထက်တန်းကျောင်းတစ်ခုပါ ဒီကျောင်းမှာ ကျောင်းရဲ့မော်ဒယ် ဂျောင်ဆူအာကို သတ်တဲ့ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အမှုရဲ့တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ ကင်ဟန်ဆူက အမှုရုံးတင်နေချိန်အတွင်း ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာကြောင့် သူသတိပြန်မရခင်အထိ အမှုကို ဆိုင်းငံ့ထားခဲ့ရပါတယ် ဒီအမှုကို တာဝန်ယူရှေ့နေလိုက်ပေးရတဲ့ ရှေ့နေကလည်း အထက်လူကြီးရဲ့ အမိန့်ကိုဆန့်ကျင်ပြီး သူ့ရဲ့အမှုသည်မှာ အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်ထားလိုက်တဲ့အတွက် အလုပ်ကနေ ထုတ်ခံခဲ့ရပါတယ် ပြီးတော့ လာဘ်စားမှုတွေနဲ့ အမှုဆင်ခံရပြီး ရှေ့နေလိုင်စင် သိမ်းခံခဲ့ရပါတယ် အဲ့အတွက်ကြောင့် သူဟာ ဒီအမှုကို အမှန်တိုင်း ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့အတွက် အမှုဖြစ်ခဲ့တဲ့ ချွန်းမြောင် အထက်တန်းကျောင်းမှာ လက်ထောက်ကျောင်းဆရာအဖြစ် အလုပ်ဝင်ခဲ့ပါတယ် ကဲ ဒီဇာတ်လမ်းတွဲလေးမှာ ဘယ်လို ထူးခြားမှုတွေရှိမလဲ ? ချွန်းမြောင် အထက်တန်းကျောင်းမှာ နောက်ထပ် အခြားသော ကလေးချင်း အနိုင်ကျင့်မှုတွေ ရှိနေဦးမှာလား ? ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ ? ဂျောင်ဆူအာကို သတ်တဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်လဲ ? CM မှ ဘာသာပြန် တင်ဆက်ပေးမယ့် Class of Lies ဆိုတဲ့ ဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး