-
Movie Name
-
Ranking Of Kings (2021) (Ousama Ranking)
-
Year
-
2021
-
Generes
-
Action, Animation
-
Code
-
SAN0078
-
Type
-
Series
-
Size
-
6.5 GB
-
Country
-
Japan
-
Description
-
1-23 Completed
Ousama Ranking
……………………….
Myanimelist 8.6/10
IMDb 8.6/10
ကျနော်တို့ငယ်ငယ်တုန်းကဆိုရင်
လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်ပြောပြလုပ်ဖူးခဲ့ကြမှာသေချာပါတယ်။ ပုံပြင်ကောင်းကောင်းတပုဒ်ကိုနားထောင်ရတဲ့ညတွေဆိုရင်
အိပ်ကိုမအိပ်တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနားထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။
အခုဒီကားတွန်းလေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနားထောင်ရတဲ့အလား ဖြစ်စေတယ်ဗျ။
ကာတွန်းဆန်တဲ့ရုပ်ထွက်ပေမဲ့ သမာရိုးကျဇာတ်လမ်းတွေနဲ့မတူတဲ့ ပုံပြင်ကောင်းလေးတစ်ပုဒ်လို့ပဲ ကျနော်ကတော့ဆိုချင်ပါတယ်။
ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်တော့မယ်လို့ထင်ထားတာတွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက
လုံးဝခန့်မှန်းလို့မရပါဘူး။ သေချာတာတခုကတော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝကောင်းစေရမယ်။
ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စားရေးခရီးတခုကိုထွက်နေရတဲ့အလား ဖြစ်စေရမယ်လို့ အာမခံပါတယ်။
ဇာတ်လမ်းအမြည်းလေးကိုပြောပြရရင်တော့….
ဟိုးရှေးရှေးတုန်းက ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သားတော်နှစ်ပါးရှိပြီး
ပထမသားတော်ကြီးကတော့ မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။
သားတော်အငယ်လေးကတော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ သားတော်အငယ်က
ထီးနန်းဆက်ခံဖို့ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တနေ့မှာတော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ
တခါမှမမြင်ဖူးတဲ့စွန့်စားရေးခရီးရှည်ကြီးဟာလည်း ပရိသတ်ရှေ့မှောက်ကိုရောက်လာခဲ့ပါတော့တယ်။