Movie Name
Lyle Lyle Crocodile (2022)
Year
2022
Generes
Animation, Comedy
Code
AN0523
Type
Movie
Size
680 MB
Country
Hollywood
Description
IMDb Rating – 6.2/10 Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက် လာပါပြီ။ RT – 73%, metacritic – 51%အထိရထားပြီး musical ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း ​ဆိုပြဦးမှာပါ။ ​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက် ​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို ​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့ ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင် အသစ်​တွေ ဘယ်လို​ဖော်ထုတ်​ပေးပြီး ​အောင်မြင်မှုကို ဘယ်လိုမျိုး ရှာ​ဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ​ပေါ့​ပေါ့ပါးပါး ကြည့်နိုင်မယ့် Family comedy, musicalကား​လေးပါ။